Sunday, September 16, 2012

Apple ရဲ့ CEO Steve Jobs နှင့် Microsoft အကြီးအကဲ ဖြစ်သူ Bill Gates တို့ရဲ့ဟာသ video

 

လွန်ခဲ့သော ရက်ပိုင်းမှာ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ကမ္ဘာကျော်နည်းပညာ ကမ္ဘာနှစ်ခုဖြစ်တဲ့ Samsung နဲ့ Apple တို့ရဲ့ နာမည်ကျော် Mobile ဖုန်း တွေကို အပြိုင်အဆိုင် ကြေညာသွားခဲ့ပါတယ်။

အခုရက်ပိုင်းမှာတော့ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတစ်ဝန်းလုံး၏ Facebook နှင့် Internet တွေမှာ Apple ရဲ့ iPhone 5 နဲ့ Samsung ရဲ့ Galaxy Series ဖုန်းတွေ အကြောင်းကို ယှဉ်ပြိုင်ငြင်းခုံနေကြတာတွေ့ရမှာပါ။

Apple ရဲ့ နောက်ဆုံးထုတ် မိုဘိုင်းဖုန်းကို Apple ကထုတ်တဲ့ iOS နဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး Samsung ရဲ့ Galaxy Series မိုဘိုင်းဖုန်းတွေကိုတော့ Google ကနေ ဦးစီးရေးသားထားတဲ့ Android OS ပေါ်မှာ အခြေခံပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။

အခု Steve Jobs vs Bill Gates. Epic Rap Battles of History Season 2. ဆိုတဲ့ ဗီဒီယိုလေးကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့
Apple ရဲ့ CEO Steve Jobs နှင့် Microsoft အကြီးအကဲ ဖြစ်သူ Bill Gates တို့ရဲ့အကြောင်းကို ရယ်ရွှင်ဖွယ် တင်ဆက်ထားတာဖြစ်ပါတယ်။

ဒီ video လေးကို YouTube မှာ ကြည့်ရှုသူ 23,892,761 ရှိခဲ့တာဖြစ်ပါတယ်။

http://www.youtube.com/watch?v=njos57IJf-0&list=UUMu5gPmKp5av0QCAajKTMhw&index=0&feature=plcp



Posted By Admin-KMO

No comments:

Post a Comment