မျက်မှောက်ကာလတွင် အကြမ်းဖက်မှုသည် တစ်ကမ္ဘ္ဘာလုံးပျံ့နှံ့လာလျက်ရှိရာ အမေရိကန်နှင့် ရုရှားနိုင်ငံများတွင်ပင် သြဂုတ်လအတွင်း အကြမ်းဖက်မှုများစွာနှင့် ရင်ဆိုင်ရ လျက်ရှိသည်။
အကြမ်းဖက်မှုများသည် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ဖြစ်တည်လာလျက်ရှိရာ အများ အားဖြင့် ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်တို့၏အကြမ်းဖက်မှုများ၊ နိုင်ငံခွဲထွက်လို၍ အကြမ်းဖက်မှုများ စသည်ဖြင့်တွေ့လာရသည်။ အကြမ်းဖက်မှုနှိမ်နင်းရေးအတွက် နိုင်ငံတိုင်း တွင် ဥပဒေများပြဋ္ဌာန်း၍ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြသည်ကို တွေ့ရသည်။ အကြမ်းဖက်နှိမ်နင်းရေးဆိုသည်မှာ ကြိုတင်လက်ဦးမှုရယူ၍တားဆီးနှိမ်နင်းခြင်း၊ စစ်ဆင်ရေး များပြုလုပ်၍တိုက်ခိုက်နှိမ်နင်းခြင်းဟု အမေရိကန်တို့မှအဓိပ္ပါယ်ဖွင့်ဆိုထားသည်။ အာဖဂန် နစ္စတန်တွင် တာလီဘန်တို့၏အကြမ်းဖက်မှုမြင့်မားလာသဖြင့် အမေရိကန်တို့မှ ကျူးကျော်စစ် ဆင်နွှဲခဲ့ကြသည်။ ချေချင်းညှာသို့ ရုရှားတို့ကျူးကျော်စစ်ဆင်နွှဲခဲ့သည်။ အကြမ်းဖက်မှုအတွက် တရားသောစစ်ဆင်နွှဲခဲ့ခြင်းဟု မှတ်ယူခဲ့ကြသည်။ အစ္စရေးနှင့် ပါလက်စတိုင်းပဋိပက္ခများ၊ ကိုလံဘီယာပြည်တွင်းစစ်၊ ဗြိတိန်၏အိုင်ယာလန်သူပုန်နှိမ်နင်းခြင်းနှင့် သီရိလင်္ကာပြည်တွင်း စစ်တို့သည် အကြမ်းဖက်မှုနှိမ်နင်းရေးစစ်ပွဲများပင်ဖြစ်သည်။
သီရိလင်္ကာမြောက်ပိုင်းရှိ တမီးလ်ကျားသူပုန်တို့သည် လွတ်လပ်သော တမီးလ်နိုင်ငံ ခွဲထွက်ရန်အတွက် အစိုးရအားဆန့်ကျင်၍ လက်နက်ကိုင်တိုက်ခိုက်ခဲ့ကြသည်။ တမီးလ်သူပုန် တို့သည် အာရှ၏ အရှည်ကြာဆုံးသောင်းကျန်းသူအဖွဲ့အစည်းတစ်ဖွဲ့ပင်ဖြစ်သည်။ မိမိတို့နိုင်ငံ မြောက်ပိုင်းရှိ ပြည်ထောင်စုခွဲထွက်လိုသည့် ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် အလားသဏ္ဍာန်ခပ်ဆင်ဆင်တူလေသည်။ တမီးလ်ကျားသူပုန်များသည် သီရိလင်္ကာ မြောက်ပိုင်းကိုသိမ်းပိုက်ထားခဲ့သည်။ ၎င်းတို့အင်အားမှာ ၇၀,၀၀၀ ခန့်ရှိပြီး အစိုးရတပ် အင်အားမှာ ၁၅၀,၀၀၀ ခန့်ရှိသည်။ ၎င်းတို့သည် ပြည်သူအားအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အစိုးရအဆောက်အဦများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ စီးနင်းတိုက်ခိုက်ခြင်း၊ အသေခံဗုံးခွဲတိုက်ခိုက်ခြင်း စသည်ဖြင့် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ခဲ့ပြီး ၎င်းတို့အား အိန္ဒိယနိုင်ငံရှိတမီးလ်များနှင့် ဥရောပ၊ အာဖရိကရှိ တမီးလ်များက ထောက်ခံအားပေးခဲ့ ကြသည်။ ၎င်းအပြင် အိန္ဒိယနိုင်ငံကပါ အကူအညီများပေးခဲ့သည်ကို တွေ့ရသည်။ အစိုးရနှင့် (၆)ကြိမ်ဆွေးနွေးမှုပြုလုပ်ပြီး ၂၀၀၃ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့ကြ သည်။ သို့သော်လည်း ၂၀၀၅ခုနှစ် ဒီဇင်ဘာလတွင် တမီးလ်ကျားတို့သည် သီရိလင်္ကာ ရွေးကောက်ပွဲမှနုတ်ထွက်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် အစိုးရကိုယ်စားလှယ်အဖွဲ့ကတွေ့ဆုံ ဆွေးနွေးရန်ကမ်းလှမ်းခဲ့သော်လည်း ၎င်းတို့ကလက်မခံခဲ့ဘဲ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်စွပ်စွဲမှုများပြုလုပ်ခဲ့ကာ ၂၀၀၈ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေးပျက်ပြယ်ခဲ့သည်။ ၎င်းနောက်ပိုင်းအစိုးရတပ်များနှင့် ပြင်းထန်စွာတိုက်ပွဲများဖြစ်ပွားခဲ့ပြီး အစိုးရအပေါ်တွင် နိုင်ငံတကာမှဖိအားပေးရန်တောင်းဆိုခဲ့သည်။ ၂၀၀၉ခုနှစ်တွင် တမီးလ်ကျားသူပုန်တို့မှ အထိအခိုက်များလာသဖြင့် အပစ်အခတ်ရပ်စဲရန် အစိုးရသို့ကမ်းလှမ်းခဲ့သော်လည်း အစိုးရမှ ပယ်ချခဲ့သည်။ ၎င်းနောက်တမီးလ်သူပုန်များကို လေကြောင်းအပါအ၀င် အစိုးရတပ်များက အပြီးသတ်တိုက်ခိုက်နှိမ်နင်းခဲ့သည်။ စစ်ဆင်ရေးအတွင်း နှစ်ဖက်အကျအဆုံး ၂၅၀၀၀ ကျော် ခန့်ရှိပြီး ၇၀၀၀ ခန့်ဒဏ်ရာရရှိခဲ့ကာ ပြည်သူ ၃၅၀၀၀၀ ခန့်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်း စေခဲ့ရသည်။
မိမိတို့နိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနက် KIA ၏ လုပ်ဆောင်မှုများကိုလေ့လာကြည့်ပါက ရထားလမ်းနှင့် ကားလမ်းတံတားများဖောက်ခွဲ ဖျက်ဆီးခြင်း၊ မြစ်ကြီးနားမြို့ပေါ်လူနေရပ်ကွက်များတွင် မိုင်းထောင်ဖောက်ခွဲခြင်း၊ တာပိန် ရေအားလျှပ်စစ်လမ်းကြောင်းတွင် အပြစ်မဲ့ပြည်သူ ၇ ဦးအားသတ်ဖြတ်ခဲ့ခြင်း၊ ကျေးရွာလူကြီး အချို့နှင့် ပြည်သူအချို့အားသတ်ဖြတ်ခဲ့ခြင်းများ၊ နေရာအနှံ့မိုင်းထောင်ခြင်းများမှာ ကချင် ပြည်နယ်လွတ်မြောက်ရေးနှင့် မည်သို့မျှမသက်ဆိုင်ဘဲ အကြမ်းဖက်လုပ်ရပ်များသာ ဖြစ်ကြောင်းတွေ့ရသည်။ ကချင်အမျိုးသား၊ အမျိုးသမီးများနှင့် ရှမ်းလူငယ်/မိန်းကလေး များအား အတင်းအဓမ္မစစ်သားစုဆောင်းခြင်းများသည် လူ့အခွင့်အရေးချိုးဖောက်မှုများပင် ဖြစ်သည်။ ပြန်ကြားရေးဌာန၏မှတ်တမ်းများအရ ကချင်ပြည်နယ်တွင် ရထားလမ်း၊ ကားလမ်း များအား KIA မှမိုင်းခွဲဖျက်ဆီးမှု ၁၅၁ ကြိမ်၊ မော်တော်ယာဉ်များနှင့် အဆောက်အအုံများအား ဖောက်ခွဲဖျက်ဆီးမှု ၂၃ ကြိမ်၊ ကျေးရွာများအားမီးရှို့မှု ၁၃ ကြိမ်၊ အတင်းအဓမ္မဖမ်းဆီး၍ စစ်သားစုဆောင်းမှုအကြိမ် ၅၀၀ ကျော်နှင့် KIA မိုင်းကြောင့် သေဆုံးဒဏ်ရာရသူ ရာဂဏန်း ကျော်ရှိကြောင်းသိရသည်။ ကချင်ပြည်နယ်လူထုအနေဖြင့် ရထားလမ်း၊ ကားလမ်း၊ တံတား များဖျက်ဆီးခံထားရသဖြင့် လမ်းပန်းဆက်သွယ်မှုပြတ်တောက်ကာ စိတ်သွားတိုင်း ကိုယ်မပါ ဘဲ၊ နေ့စဉ်နှင့်အမျှမိသားစုဘ၀လုံခြုံရေးအား ခြိမ်းခြောက်ခံနေရသည်။ နိုင်ငံတော်အစိုးရမှ တိုင်းရင်းသားညီအစ်ကိုများ ရင်ကြားစေ့ရေးနှင့် ထာဝရငြိမ်းချမ်းစွာတည်ဆောက်နိုင်ရေး အတွက် စိတ်ရှည်သည်းခံစွာဖြင့် အကြိမ်ကြိမ်ကမ်းလှမ်း၍ အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်အတူ စေ့စပ်ဆွေးနွေးခဲ့မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ သို့သော်လည်း သဘောထားမမှန်သဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်မှသွေဖည်ပြီး အကြောင်းအမျိုးမျိုးပြကာ အချိန် ဆွဲ၍သွေးသစ်လောင်းခြင်းနှင့် အင်အားဖြည့်တင်းခြင်းကိုသာ ဆောင်ရွက်ခဲ့သည်။ ဆွေးနွေးပွဲမှ မည်သည့်အကျိုးရလဒ်မျှထွက်ပေါ်လာခြင်းမရှိသည်ကို တွေ့ရသည်။ နိုင်ငံတော်အစိုးရမှ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေစဉ် အလိုက်သင့်ပါမလာဘဲ နောက်ကျန်နေသူ၊ နောက်ပြန်သွားလိုသူများကို လက်တွဲဖြုတ်ခဲ့မည်ဟု နိုင်ငံတော်အစိုးရမှ ပြောကြားခဲ့ပြီးဖြစ်သည်။
KIA ၏လုပ်ရပ်များသည် သီရိလင်္ကာနိုင်ငံရှိ တမီးလ်ကျားသူပုန်တို့၏ အကြမ်းဖက် လုပ်ရပ်များနှင့် ထပ်တူနီးပါးတူညီနေသည်ကို တွေ့ရှိရသည်။ KIA အနေဖြင့်ယခုကဲ့သို့သာ အကြမ်းဖက်လုပ်ရပ်များအတိုင်း ဆက်လက်လျှောက်လှမ်းမည်ဆိုလျှင် ပြည်သူလူထု၏အကျိုး စီးပွားကိုကာကွယ်ရန်အတွက် သီရိလင်္ကာနိုင်ငံမှ တမီးလ်ကျားသူပုန်များအား ပြတ်ပြတ် သားသားနှိမ်နင်းသကဲ့သို့ အစိုးရမှပြတ်သားစွာဆောင်ရွက်သင့်ပြီဖြစ်ကြောင်း မနောမြေမှ အတိဒုက္ခရောက်နေသည့် ပြည်သူများကိုယ်စားဆန္ဒပြုလိုက်သည်။
မနောမောင်
No comments:
Post a Comment