Monday, September 17, 2012
ဒေါ်စု အမေရိကန်နိုင်ငံ ရောက်ပြီးသမ္မတ ​ဘားရက်အိုဘားမားနဲ့ တွေ့ မည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ​ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံကို ​ရောက်ရှိနေပြီးအမေရိကန်သမ္မတ ​ဘားရက် အိုဘားမားနဲ့ ​တွေ့ဆုံမယ်လို့ ​သိရပြီး ​မြန်မာနိုင်ငံတော်သမ္မတ ​ဦးသိန်းစိန် ကလည်း ​အမေရိကန်နိုင်ငံကို ​သီးသန့်စီသွားရောက်ဖို့ ရှိပေမယ့် ​အမေရိကန် သမ္မတနဲ့ ​တွေ့ဆုံမူ ​ရှိမရှိဆိုတာတော့ ​မသိရသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ပထမဦးဆုံး ​ဖြစ်ခဲ့တဲ့ထိုင်းနိုင်ငံပြည်ပခရီးစဉ်တုန်းကလဲ​ဒေါ်အောင်ဆန်းစုကြည် သွားရောက်ချိန်နဲ့ ​တိုက်ဆိုင်ခဲ့တဲ့အတွက် ​သမ္မတကထိုင်းခရီး ​စဉ်ကို ​ရက်ရွေ့ဆိုင်းခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေးစောင့်ကြည့်သူ ​ရီးချက် ​ဟော်ဆေ ​( ​Richard ​Horsey) ​က ​သမ္မတဦးသိန်းစိန် အနေနဲ့ ​မြန်မာနိုင်ငံ ​ပြုပြင်ပြောင်းလဲရေး ​ဖြစ်ပေါ်လာအောင်ဆောင်ရွက်ခဲ့သူ ​အနေနဲ့ ​ အသိအမှတ်ပြု ​သင့်သလောက် ​အသိအမှတ်ပြုမခံရတဲ့အကြောင်း၊
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​၁၈ ​ရက်ကြာ ​အမေရိကန်နိုင်ငံကို ​လည်ပတ်ဖို့အတွက် ​မနေ့ကရန်ကုန်မြို့ကနေ ​ထွက်ခွာခဲ့ပြီး  ​ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ​အမေရိကန်သံအမတ် ​ဒဲရစ်  ​မစ်ချဲလ် ​(Derek ​Mitchell) ​လဲ ​လိုက်ပါသွားတယ်လို့ ​သိရပါတယ်။
 ဒေါ်အောင်ဆန်းစုကြည်က ​အမေရိကန်နိုင်ငံမှာ ​အရပ်သားတွေကိုပေးအပ်တဲ့ အမြင့်ဆုံး ​ကွန်ဂ ရက် ​ရွှေတံဆိပ် ကိုလက်ခံ ​ရ ​ရှိမှာ ​ဖြစ်ပြီး ​ခရီးစဉ်အတွင်း​အမေရိကန်ရောက် ​မြန်မာပြည်ဖွားတွေ နဲ့လဲတွေ့ဆုံဖို့ ​ရှိတယ်လို့သိ ​ရပါတယ်။
မင်္ဂလာဒုံလေဆိပ်ကနေ ​ဒေါ်အောင်ဆန်းစုကြည် ​မထွက်ခွါခင်မှာ ​သတင်း  ​မီဒီယာတွေဟာ ​ကြက်ပျံမကျ ​ကျိတ်ကျိတ်တိုးခဲ့တယ်လို့သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ​အတူ ​NLD ​အဖွဲ့ ​ဝင် ​(၃)ဦးလိုက်ပါသွားတယ်လို့ရပါတယ်။
From -BBC
No comments:
Post a Comment