Monday, September 17, 2012

Robocop ဇာတ်ကား ပြန်လည်ဆန်းသစ်ရိုက်ကူး

(Robocop ရုပ်ရှင်ဇာတ်ကားရိုက်ကွင်း)
(၁၉၈၀)ပြည့်လွန် နှစ်များက စိတ်ကူးယဉ် သိပ္ပံသူရဲကောင်း တစ်ဦးဖြစ်ခဲ့သော ရဲစက်ရုပ် Robocop အနေဖြင့် ရုပ်ရှင် ပိတ်ကားပြင်ပေါ် ပြန်လည် ရောက်ရှိလာတော့မည် ဖြစ်သည်။ The Killingစတား ရုပ်ရှင်မင်းသား ဂျိုးလ် ကင်နာမန်းသည် ယခုအခါ ခေတ်သစ် Robocopဘဝကို ဆက်ခံသူ ဖြစ်လာခဲ့သည်။ တိုရန်တိုတွင် ရိုက်ကူးနေသော ဇာတ်လမ်းတွင် ကင်နာမန်းသည် Robocop ဝတ်စုံသစ်နှင့် အသား တကျ ဖြစ်အောင် လေ့ကျင့်နေ သည်ကို တွေ့ရသည်။
ယခင်က အပြာရောင်သန်းသော သတ္တုကိုယ်ထည်ဖြင့် မြင်တွေ့ခဲ့ရသော Robocop ဝတ်စုံသည် ယခုအခါ အနက်ရောင် ကိုယ်ကျပ်အင်္ကျီအဖြစ် ပြောင်းလဲ ဖန်တီးလိုက်သည်ကို တွေ့ရသည်။ ထို့အပြင် ရိုက်ကွင်းပေါ်တွင် Robocop မောင်းနှင်မည့် ရဲကားအသစ်ကိုလည်း တွေ့မြင်ရသည်။ မိုက်ကယ်ကီတန်က Robocopကို တီထွင်သည့် ကော်ပိုရေးရှင်း၏ CEOဖြစ်သူ ရေမွန်ဆယ်လာ နေရာတွင် ပါဝင် သရုပ်ဆောင်မည် ဖြစ်သည်။ (၁၉၈၇)ခုနှစ်က MGMနှင့် Columbiaတို့ ပူးပေါင်းတင်ဆက်သည့် ဇာတ်ကားကို ဒါရိုက်တာ ဟိုဆေး ပယ်လ်ဒီဟာက ပြန်လည် ဆန်းသစ်ရန် တာဝန်ယူခဲ့သည်။


(Robocop အသစ်နှင့် အဟောင်း)

ယခုဇာတ်ကားသစ်တွင် ကင်နာမန်းသည် အပြင်းအထန် ဒဏ်ရာရပြီး ဦးနှောက်သာ ရှင်သန်တော့သဖြင့် Robocop ဘဝဖြင့် အသက်ဆက်ရသူ ရဲအရာရှိ အဲလက်စ် မာဖီနေရာတွင် သရုပ်ဆောင်မည် ဖြစ်သည်။ MTVနှင့် အင်တာဗျူးတွင် ကင်နာမန်းက "Robocopကို ပြန်ရိုက်ချိန်မှာ အများကြီး ပိုပြီးတော့ လူသားအသိနဲ့ ဆက်နွယ်လာမယ် ထင်ပါတယ်။ ကျွန်တော် အရင်ဇာတ်ကားတွေကို ကြိုက်ပါတယ်။ ခုဇာတ်ကားကတော့ အသစ်ပြန်ပြီး မွမ်းမံ စိတ်ကူးထားတာကို ပုံဖော်ရတာမျိုး ဖြစ်လာတာပါ"ဟု ပြောကြားသွားသည်။ 

From- Planet

No comments:

Post a Comment