Tuesday, October 2, 2012
ဟောင်ကောင်တွင် သင်္ဘောနစ်မြုပ်၊ အနည်းဆုံး ၃၆ ဦး သေဆုံး
ဟောင်ကောင်မှာ လူပေါင်း ၁၂၀ ကျော် လိုက်ပါလာတဲ့ ခရီးသည်တင် ကူးတို့ သင်္ဘာ တစ်စီးဟာ တခြားကူးတို့ သင်္ဘောတစ်စီးနဲ့  မနေ့ ညက တိုက်မိ နစ်မြုပ်သွားတာကြောင့်အနည်းဆုံး သေဆုံးသူ ၃၆  ဦးထိရှိနေပြီဖြစ်ပါတယ်။ ဟောင်ကောင်အနောက်တောင်ပိုင်းက ကမ္ဘာလှည့် ခရီး သည်တွေ အသွားများ တဲ့ လမ်းမာကျွန်းအနီးမှာ မေတ်ာတဆ တိုက်မိမှုဖြစ်ပွားခဲ့ တာဖြစ် ပါတယ်။ညမှောင်နေတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရဟတ်ယာဉ်တွေ၊ မော်တော်တွေနဲ့ ခက်ခက်ခဲခဲ လုပ်ခဲ့ရပြီး နစ်မြုပ်သွားတဲ့ သင်္ဘောထဲမှာ ခရီးသည်တွေ အများအပြား ပိတ်မိနေတယ် လို့ အသက်ရှင်လွတ်လာ သူတွေက ပြောပါတယ်။
သင်္ဘောနစ်မြုပ်မှုကနေ ကယ်ဆယ်နိုင်တဲ့ လူပေါင်း ၁၀ဝ လောက်ကို ဆေးရုံပို့  ထားတဲ့အကြောင်းနဲ့  ၉ ဦးဟာ ဒဏ်ရာအပြင်းအထန်ရပြီး အခြေအနေ စိုးရိမ်ရတယ်လို့ ဟောင်ကောင်အာဏာပိုင်တွေက ကြေညာထားပါတယ်။
ဟောင်ကောင်သတင်းတွေမှာတော့ သေဆုံးသွားသူတွေထဲမှာ ကလေးတွေလည်း ပါတယ်လို့ ဆို ပါတယ်။ဟောင်ကောင်မှာ ဆောင်းဦးရာသီ ပွဲတော်နဲ့  တရုတ်အမျိုး သားနေ့ အလုပ်ပိတ်ရက် ကာလမှာ ဖြစ်ပွားခဲ့ တာဖြစ်ပြီး သင်္ဘောအသွားအလာများတဲ့  ဟောင်ကောင်မှာ အခုလို မတော်တဆသင်္ဘောတိုက်မိမှု ဟာ ဖြစ်တောင့်ဖြစ် ခဲ ဖြစ်ပါတယ်။
From- DVB
No comments:
Post a Comment