Tuesday, October 2, 2012

အလုပ်သမား ခုနှစ်ဆယ်ကို မကျေနပ်သဖြင့် အလုပ်သမား သုံးရာကျော် ဆန္ဒဖော်ထုတ်

ဒဂုံဆိပ်ကမ်းမြို့နယ် ကနောင်မင်းသားကြီး လမ်းပေါ်ရှိ အာရှနဂါး(MMM) အထည်ချုပ် စက်ရုံရှိ အလုပ်သမား သမား အယောက် ခုနှစ်ဆယ်ခန့် ကိုမကျေနပ်သဖြင့် အလုပ်သမား သုံးရာကျော်က၎င်းတို့၏ စက်ရုံရှေ့တွင် ဆန္ဒ ထုတ်ဖော် ခဲ့ကြောင်း မျက်မြင်များနှင့် ဆန္ဒပြစက်ရုံ အလုပ်သမား များက  ပြောကြားသည်။အဆိုပါ အလုပ်သမား ခုနှစ်ဆယ်အား အလိုမရှိဟု ဆိုကာ အလုပ်သမား သုံးရာကျော်က ယနေ့ နံနက်ရှစ်နာရီခွဲခန့်က ဆန္ဒ ဖော်ထုတ်လျှက် ရှိကြောင်း ယင်းအလုပ်သမား ခုနှစ်ဆယ်ခန့်ကြောင့် စက်ရုံတွင်းမှ ထွက်လာ ခဲ့ရသည့် အသက်နှစ်ဆယ်ကျော် အလုပ်သမား အမျိုးသမီးငယ်  တစ်ဦးက ပြောသည်။

ထိုအလုပ်သမား ခုနှစ်ဆယ်ကျော်ခန့် သည် အခြေခံ အလုပ်သမား သမဂ္ဂ အဖွဲ့ ဖွဲ့စည်းထားကြောင်း၊ ယင်း အဖွဲ့ ခေါင်းဆောင်ဖြစ်သူ ဥာဏ်လင်းအောင်တို့ကို အလိုမရှိဟု ဆိုကာ စက်ရုံတွင်းမှ မောင်းထုတ်ခဲ့ ဘူးကြောင်း၊ ၄င်းအဖွဲ့ကို အလုပ်ခွင် နစ်နာမှုအတွက် ညှိနှိုင်းပေးရန် စက်တင်ဘာလ ၂၆ ရက်နေ့က တောင်းဆိုခဲ့သော် လည်း လိုက်လျောခဲ့ ခြင်း မရှိကြောင်း၎င်းအမျိုးသမီးငယ်က The Voice Weekly သို့ ပြောသည် ။

‘’သူတို့ စက်ရုံထဲမှာက NLDနဲ့ ကြံ့ခိုင်ရေး အဖွဲ့ နှစ်ဖွဲ့လိုဥာဏ်လင်းအောင် ခေါင်းဆောင် တဲ့ အဖွဲ့ နဲ့ စူပါတွေ ခေါင်းဆောင်တဲ့ အဖွဲ့ဆိုပြီး နှစ်ဖွဲ့ ကွဲနေတာ ညဏ်လင်းအောင် တို့ အဖွဲ့ကို ချေးငွေတို့ လက်ဆောင်တို့  မပေးတော့ဘူး။ ဒီနေ့ကျရော ဥာဏ်လင်းအောင်  တို့ အဖွဲ့ ကို အလိုမရှိဆိုပြီး အထဲကနေ မောင်း ထုတ်လိုက်တာ’’ဟု၎င်းစက်ရုံအနီးရှိ အသက်လေးဆယ်ကျော် အရွယ် မျက်မြင်သက်သေ အမျိုးသား တစ်ဦး ကဆိုသည်။

အဆိုပါကိစ္စအား ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်   ဒေါက်တာမျိုးအောင် နှင့် ရှေ့နေ ဦးသိန်းလှိုင်ထွန်းတို့ က လာရောက် ဖြေရှင်းပေး လျှက်ရှိပြီး ထိုစက်ရုံတွင် အလုပ်သမား ၁၄၀၀ ကျော်ရှိကြောင်း ၄င်းစက်ရုံ အလုပ် သမားများထံမှ စုံစမ်း သိရသည်။

အလိုမရှိဟု ဆန္ဒဖော်ထုတ်သည့် အလုပ်သမားသုံးရာကျော်မှာ စက်ရုံထဲတွင် ရှိနေသဖြင့် ဆက်သွယ် မေးမြန်းခွင့် မရခဲ့ပေ။

From- The Voice Weekly

No comments:

Post a Comment