Tuesday, October 2, 2012

ကြံခိုင်ရေးပါတီ ဥက္ကဌသစ် ရွေးချယ်မည်

လာမည့် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကျင်းပ မည့် ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံဖြိုး ရေး ပါတီ ပြည်လုံးကျွတ် ညီလာခံ တွင် ပါတီ ဥက္ကဌသစ်ကို ပြန်လည် ရွေးချယ်သွားမည် ဖြစ်ကြောင်း အဆိုပါတီ၏ အထွေထွေ အတွင်းရေးမှုး ဦးဌေးဦးက The Voice Weekly သို့ ပြော ကြားသည်။
အဆိုပါ ဥက္ကဋ္ဌသစ် အဖြစ် မည်သူ ဖြစ်လာမည် ကို ထွေထွေ ညီလာခံ ပြီးမှသာ ထုတ်ပြန် ကြေညာ မည်ဖြစ်ပြီး၊ အဆိုပါ ဥက္ကဋ္ဌသစ် ရွေးချယ် ရန် အတွက် အရန် ကော်မတီ များ ဖွဲ့စည်းပြီး၊ အစည်းအဝေး များ ပြုလုပ် သွားမည်ဖြစ်ကြောင်း ကြံခိုင်ရေး ပါတီ ၏ ပြောရေး ဆိုခွင့် ရှိသူ ဒေါက်တာ မျိုးအောင် ကဆိုသည်။
ပြည်ခိုင်ဖြိုးပါတီ ပြည်လုံးကျွတ် အထွေထွေ ညီလာခံကို အောက်တိုဘာ လ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့ထိ ကြံခိုင်ရေး ဗဟိုဌာန ချုပ် (နေပြည်တော်) တွင် ကျင်းပသွားမည် ဖြစ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး ၊ ပါတီ၏ တစ်နှစ် တာ လုပ်ဆောင် ချက်များ၊ ရှေ့လုပ်ငန်းစဉ် များ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
ကြံခိုင်ရေး ပါတီ သည် ၁၉၉၃ ခုနှစ် စက်တင်ဘာလ တွင် ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံဖြိုးရေး အသင်းအဖြစ် တည်ထောင် ခဲ့ပြီး ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ တွင် ယခင်တပ်မတော် အစိုးရ အဆင့်မြင့် အရာရှိ များ ဦးဆောင်ကာ ပါတီ အဖြစ် ပြောင်းလဲ တည်ထောင် ကာ ယခင် တပ်မတော် အစိုးရ နိုင်ငံ တော် အေးချမ်း သာယာရေး နှင့် ဖွံဖြိုးရေးကောင် စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွေက နာယက အဖြစ် ဆောင် ရွက်ခဲ့ပြီး ယခု နိုင်ငံတော် သမ္မတ ကြီး ဦးသိန်းစိန်က ပါတီ ဥက္ကဌ အဖြစ် ဆောင် ရွက်ခဲ့သည်။
 
From- The Voice Weekly

No comments:

Post a Comment