Saturday, November 3, 2012

ရေချိုးနေစဉ် လူငယ်တစ်ဦး ဓာတ်လိုက် သေဆုံး

ရန်ကုန်တိုင်း ဒေသကြီး မြောက်ဒဂုံ မြို့ နယ်တွင် နေထိုင်သူ အသက် ၁၅ နှစ်  အရွယ် လူငယ် တစ်ဦး အများသုံး
အုတ်ရေကန် တွင် ရေချိုး နေစဉ် ရေစက်သို့ သွယ်တန်း ထားသည့် ဝါယာကြိုး နှင့် ထိနေသော သံပိုက်လုံး အား လက်ဖြင့် ကိုင်မိ၍ ဓာတ်လိုက် သေဆုံး သွားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။

သေဆုံးသူ မောင်ဝေယံအေး မှာ စည်ပင် အမှိုက်ပုံဝင်း၊ ( ၅ဝ ) ရပ်ကွက်၊ မြောက်ဒဂုံ မြို့နယ် တွင် နေထိုင်ကာ အမှိုက်ပုံ ဝင်းအတွင်းရှိ အုတ်ရေကန် တွင် ရေချိုး နေစဉ် ဝါယာကြိုး နှင့် ထိနေသည့် သံပိုက်လုံး အား လက်ဖြင့် ကိုင်မိစဉ် ဝဲလက်မ နှင့် လက်ညိုး ကြားတွင် စုတ်ပြတ် ဒဏ်ရာ ( ၁ ) ချက် ရရှိခဲ့၍ ဒဂုံမြောက် ဆေးရုံသို့ ပိုဆောင်စဉ် သေဆုံးခဲ့သည်။

သေဆုံးသူ ကို မြောက်ဒဂုံ ဆေးရုံမှ ပီအာ - ၂ဝ ဖြင့် လက်ခံ ထားရှိကာ ဓမ္မတာ အတိုင်း သေဆုံခြင်း ဟုတ်/မဟုတ် စစ်ဆေး နိုင်ရန် ဒဂုံမြောက် ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၃၂ / ၁၂ ဖြင့် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment