Friday, December 14, 2012

ဆောင်းဥတုတွင် အချဉ်အရသာ များများစားသင့်

ဆောင်းဥတုတွင် အချဉ်အရသာ များများစားသင့် 
http://www.myawady.net.mm/health/preventing/item/1811-2012-12-14-10-26-55
ဆောင်းရာသီတွင် နှင်းကျပြီး ပြင်ပ လောက ဓာတ်တွင် အအေးပတ် ဖွဲ့သော ကာလ ဖြစ်သည်။

ပြင်ပတွင် အေးသော အခါလူတို့၏ ခန္ဓာကိုယ် မွေးညှင်းပေါက် များမှချွေး မထွက်တော့ သဖြင့် ကိုယ်တွင်း အောင်းသော အပူဓာတ်မှာ အခြား ရာသီဥတု များထက် ပိုလွန်း နေပေသည်။ ထို့ကြောင့် အလွန်အေးသော နံနက်ခင်းနှင့် ညဥ့်နက်ပိုင်း တို့တွင် ပါးစပ်ဟ လိုက်သောအခါ အခိုးများ ထွက်နေသည်ကို ပင်မြင်နိုင် ပေသည်။

ဆောင်းတွင် အေးသဖြင့် လူအများမှာ ရေနွေကြမ်းကို ပိုမို သောက်လေ့ ရှိကြသည်။ နံနက် အိပ်ရာ ထချိန်မှ စပြီး တစ်နေကုန် ရေနွေး ကြမ်းကိုသာ တစ်အိုးပြီး တစ်အိုး သောက်လေ့ ရှိကြသည်။ ထိုသို့ ရေနွေကြမ်း (အဖန်ရည်) သောက်သူ များမှာ ဝမ်းချုပ်ပြီး နောက်ဆက်တွဲ လိပ်ခေါင်း ရောဂါ ရတတ်ပေသည်။ လက်ဖက်ခြောက် အဖန်ရည်၏ သတ္တိလူကို ပိန်စေသည်။ အဆီကို ကျစေသည်။ သို့သော် အသောက်များလျှင် ဝမ်းချုပ် တတ်သည်။ လက်ဖက်ခြောက် များတွင် ဆိုးဆေးများ ပါလျှင် အစာအိမ်နှင့် အူလမ်းကြောင်းကို အဆိပ်အတောက် ဖြစ်စေနိုင် သည်ကိုသတိပြု သင့်သည်။

ဆောင်းဥတုတွင် အပြင်အေး၊ အတွင်းပူ ဖြစ်သဖြင့် အပူအစပ်နှင့် ဝမ်းချုပ်စေသော မာသော အစာ ကောက်ညှင်း၊ ဆန်စေးများ ကိုလည်း ရှောင်ကြဉ် သင့်သည်။ ရေအေးကို များများ သောက်သင့်သည်။ ညအိပ်ရာ ဝင်ချိန်တွင် ရေတစ်ဖန်ခွက် နံနက်အိပ်ရာ ထချိန်တွင် ရေတစ်ဖန်ခွက် မှန်မှန် သောက်သင့်သည်။ ဝမ်းချုပ်သော ဓာတ်အခံရှိလျှင် ထိုထက်ပို၍ ရေနှစ်ဖန်ခွက် (လီတာ) သို့မဟုတ် သောက်ရေသန့် ဘူးသေး တစ်ဘူး စာသောက်ခြင်းဖြင့် ဝမ်းမှန်ပြီး ကျန်းမာရေး ကောင်းစေ

No comments:

Post a Comment