လက်ပံတောင်းတောင်အရေးတွင် သံဃာတော်များနှင် အခြားကွန်ယက် အဖွဲ့အစည်းများမှဆန္ဒ ဖော်ထုတ်ခြင်း အား NLD ပါတီမှ လက်မခံကြောင်း ကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ရက်နေ့ကNLDအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။
NLD ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးပွဲတ
ဆက်လက်ပြီး NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော စုံစမ်းရေးကော်မရှင်မှ လက်ပံတောင်းတောင် အရေးအား စုံစမ်းနေစဉ် ကာလအတွင်း NLD ပါတီဝင်များအနေဖြင့်မည်သည့် လှုပ်ရှားမှု တွင်မှ ပါဝင်ပတ်သတ်ခြင်းမပြုရန်နှင့် သံဃာတော်များ၏ တောင်းဆိုချက်များသည် NLD ပါတီနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့ပါသည်။
၎င်းနောက် သံဃာတော်များနှင့် အခြားကွန်ယက်များက ဆန္ဒဖော်ထုတ်နေခြင်း သည် နိုင်ငံတော်မှ ပြဌာန်းထားသော စီတန်းလှည့်လည်ခွင့် ဥပဒေအား အလွဲသုံးစား လုပ်နေကြောင်း NLD ပါတီက ယူဆကြောင်းပြောကြားခဲ့ပါသည်။
စုံစမ်းရေးကော်မရှင်မှ ရလဒ်များထွက်ပေါ်လာသည့်အခါ တာဝန်ရှိ သူများအား ထိရောက်သော အရေးယူမှုများ ဆောင်ရွက်မည်ဖြစ်သဖြင့် NLD ပါတီဝင်များမှ ဆန္ဒပြမှုတွင် ပါဝင်ပတ်သတ်ခြင်း မပြုရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်းသိရပါသည်။ အဆိုပါ ဆန္ဒပြမှုများနှင့် ပတ်သတ်ပြီး NLD ပါတီ၏ သဘောထားအား မကြာမီထုတ်ပြန်သွားမှာဖြစ်ကြောင
From: MNews
No comments:
Post a Comment