Friday, December 14, 2012

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေး နှစ်ဖက်အရာရှိအဆင့် ဆွေးနွေးပွဲကို မောင်တောမြို့တွင် ပြုလုပ်






မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေး နှစ်ဖက်အရာရှိအဆင့် ဆွေးနွေးပွဲကို မောင်တောမြို့တွင် ဒီဇင်ဘာလ ၁၂ ရက်နေ့ က ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဆွေးနွေးပွဲကို မောင်တောနယ်စပ်ကုန်သည်များအသင်း ဒေ၀ါနဒီခန်းမတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB)တပ်မှ ဒုဗိုလ်မှူးကြီး Zulul ဦးဆောင်သည့် အရာရှိ ၈ ဦးနှင့် မြန်မာဘက်မှ နယ်စပ်ဒေသ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်နိုင်ဦး ဦးဆောင်သည့် အရာရှိ ၁၇ ဦး တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီ ၁၅ မှ နေ့လည် ၁၂ နာရီ ၃၀ ထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ နယ်စပ်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးပေးဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယင်းအပြင် နယ်စပ်ဖြတ်ကျော် တရားမ၀င်သွားလာခြင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်းများကို တားဆီးရေး အပါအ၀င် အကျဉ်းသားလွဲပြောင်းပေးရေး ကိစ္စများကို ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက နတ်မြစ်ကိုဖြတ်ကျော်ကာ အမြန်ယာဉ်များဖြင့် လာရောက်ခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးပွဲအပြီးတွင် မွန်ပြည်နယ်၊ရဲမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော  ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅ ဦးကိုလည်း ဘင်္ဂလားဒေ့ရှ်သို့ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေးအဖွဲ့သည် ညနေပိုင်းတွင် မောင်တော အမှတ် (၁) လူဝင်လူထွက် စခန်းမှ  ပြန်လည်ထွက်ခွာခဲ့ကြောင်းလည်း သိရသည်။
နယ်စပ်ဒေသ လူဝင်မူကြီးကြပ်ရေးအဖွဲ့ နစကနှင့် BGB ဘင်္ဂလားဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့တို့ အရာရှိအဆင့် ဆွေးနွေးပွဲကို တစ်နှစ်လျင် သုံးကြိမ်မှ လေးကြိမ်စီ ပြုလုပ်လေ့ရှိကြောင်း သိရှိရပါသည်။
From: Eleven

No comments:

Post a Comment