Wednesday, February 13, 2013

လက်နက်ကိုင်ရမှာကြောက်၍ သာသနာ့ဘောင်ဝင်ရောက်သူများလာ

Photo: လက်နက်ကိုင်ရမှာကြောက်၍ သာသနာ့ဘောင်ဝင်ရောက်သူများလာ
Tuesday, February 12, 2013

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ ကျေးရွာအချို့၌ တောတွင်း
ရှမ်းလက်နက်ကိုင် တပ်ဖွဲ့များမှ တပ်သား စုဆောင်းမှုများကြောင့်
ဒေသခံအချို့မှာ သာသနာ့ဘောင်ဝင်ခြင်းနှင့် အိမ်ထောင်ပြုမှုများ
စောစီးစွာပြုလုပ် လာကြသည်ဟု ဒေသခံတို့က ဆိုသည်။

“အရင်ကဆို အိမ်ထောင်စုတစ်စုမှာ ယောက်ျားလေးနှစ်ယောက်ရှိရင် တစ်ယောက်ပဲ တောင်းသွားတာ၊ အခုက ဆယ်ကျော်သက်ဆိုရင် ဘယ်နှစ်ယောက်ဖြစ်ဖြစ်ခေါ်တယ်၊ မိန်းကလေးဆိုရင် ပညာတတ်တဲ့ မိန်းကလေးကို အတင်းအကျပ်ခေါ်တတ်တယ်” ဟု လားရှိုးမြို့နယ်အတွင်းရှိ ဒေသခံတစ်ဦးက ပြောသည်။

တောတွင်းရှမ်းလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ၂၀၁၂ခုနှစ်အတွင်းမှ
စ၍ တပ်သားစု ဆောင်ခြင်းကို   ပြုလုပ်လာခြင်းကြောင့် ဒေသခံ
ရွာသူရွာသားများမှာ အခြားမြို့များသို့ ပြောင်းရွှေ့နေထိုင်ခြင်းမျိုးလည်း ရှိသည်ဟု ၄င်းက ဆက်လက်ပြောသည်။

“အိမ်ထောင်သည်ဆိုရင် တပ်သားအဖြစ် မခေါ်ဘူး၊ ကိုရင်တို့ ဘုန်းကြီးတို့ဆိုရင် မခေါ်ဘူးလေ၊ ဒါကြောင့် လူငယ်တော်တော်များများက အိမ်ထောင်ပြုလိုက်ကြတယ်၊ အိမ်ထောင်မပြုချင်တဲ့ လူငယ်တွေက တစ်ခြား ရွာတွေမှာ ကိုရင်ဝတ်ကြတယ်၊ အခု ဘယ်ရွာမဆို လူငယ်တွေ မရှိတော့ဘူး” ဟု လားရှိုးမြို့နှင့် သီပေါမြို့ အကြားရှိ ရှမ်းရွာမှ  ခေးစောဝ်ဖ က ပြောသည်။

အဆိုပါမြို့နှစ်မြို့အကြားရှိ ကျေးရွာများ၌ အစိုးရအဖွဲ့အစည်း
အချို့ရှိသော်လည်း ဒေသခံများ အနေဖြင့် အခြားမြို့/ ရွာများသို့
ပြောင်းရွှေ့နေထိုင်ခြင်းမှာ ၄င်းတို့၏ဘ၀လုံခြုံမှုအတွက် အာမခံချက်ရှိသည်ဟု ပိုမိုယူဆသည့်အတွက် ယခုကဲ့သို့ ပြုလုပ်
လာခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

ရွာသူရွာသားများအား တပ်သားစုဆောင်းရန်စေခိုင်းခံရခြင်းကို
ဒေသခံ ကျေးရွာအကြီး အကဲများနှင့် လိုက်နာခြင်း မရှိပါက အကြီးအကဲထံသို့ သေနတ်ကျည်ဆံအား စာအိတ်ဖြင့် ပို့ကာ သတိပေးတတ်သောကြောင့် အချို့ကျေးရွာအကြီးအကဲများမှာ တပ်သားများစုဆောင်း ပေးရလေ့ရှိကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။

အဆိုပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဖက်ဆိုင်ရာအဖွဲ့အစည်းများ အား မေးမြန်းရာ၌ လက်ရှိတွင် တိုက်ပွဲများဖြစ်ပေါ်ခြင်း မရှိသကဲ့သို့ တပ်သားစုဆောင်ခြင်း မျိုးလည်း မရှိကြောင်း တာဝန်ရှိသူတစ်ဦးက ဖြေဆိုခဲ့သည်။

“တိုက်ပွဲတွေမဖြစ်တာ တော်တော်ကြာပါပြီ၊ ရှေ့တန်းသွားနေတာတွေတော့ ရှိတာပေါ့၊ နယ်မြေအနေအထားကတော့ ငြိမ်နေတယ်လို့ပြောရမှာပါပဲ၊ အဲ့လိုတပ်သားစုဆောင်းတာ တွေရှိတယ်ဆိုတာတော့ ကျွန်တော်တို့ဘက်က မကြားပါဘူး” ဟု ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဖက်ဆိုင်ရာအဖွဲ့အစည်း
တစ်ခုမှ အမည်မဖေါ်လိုသူ အကြီးတန်းအရာရှိတစ်ဦး က ပြောသည်။

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ အစိုးရတပ်သားများနှင့် ရှမ်း/မြောက်ဒေသ
အတွင်းရှိ တောတွင်းလက်နက်ကိုင် တပ်များအကြားတိုက်ပွဲများ မရှိသလောက်ငြိမ်သက်ခဲ့သော်လည်း လက်နက်ကိုင်တပ်များမှ
တပ်သားစုဆောင်းမှုကို ယနေ့တိုင်ပြုလုပ်နေဆဲရှိသည်ဟု ဒေသခံတို့က ဆိုသည်။

နေဖြိုးမြင့် ရှမ်း/မြောက် ( မြစ်မခ )
Myit Makha Mediagroup ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ ကျေးရွာအချို့၌ တောတွင်း ရှမ်းလက်နက်ကိုင် တပ်ဖွဲ့များမှ တပ်သား စုဆောင်းမှုများကြောင့် ဒေ သခံ အချို့မှာ သာသနာ့ဘောင်ဝင်ခြင်းနှင့် အိမ်ထောင်ပြုမှုများ စော စီးစွာပြုလုပ် လာကြသည်ဟု ဒေသခံတို့က ဆိုသည်။ “အရင်ကဆို အိမ်ထောင်စုတစ်စုမှာ ယောက်ျားလေးနှစ်ယောက်ရှိရင် တစ်ယောက်ပဲ တောင်းသွားတာ၊ အခုက ဆယ်ကျော်သက်ဆိုရင် ဘယ်နှစ်ယောက်ဖြစ်ဖြစ်ခေါ်တယ်၊ မိန်းကလေးဆိုရင် ပညာတတ်တဲ့ မိန်းကလေးကို အတင်းအကျပ်ခေါ် တတ်တယ်” ဟု လားရှိုးမြို့နယ် အတွင်းရှိ ဒေသခံတစ်ဦးက ပြောသည်။

တောတွင်းရှမ်းလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ၂၀၁၂ခုနှစ်အတွင်းမှစ၍ တပ်သားစုဆောင်ခြင်း ကို ပြုလုပ်လာခြင်းကြောင့် ဒေသခံ ရွာသူရွာသားများမှာ အခြားမြို့များသို့ ပြောင်းရွှေ့နေထိုင်ခြင်းမျိုးလည်း ရှိသည်ဟု ၄င်းက ဆက်လက်ပြောသည်။

“အိမ်ထောင်သည်ဆိုရင် တပ်သားအဖြစ် မခေါ်ဘူး၊ ကိုရင်တို့ ဘုန်းကြီးတို့ဆိုရင် မခေါ်ဘူးလေ၊ ဒါကြောင့် လူငယ်တော်တော်များများက အိမ်ထောင်ပြုလိုက်ကြတယ်၊ အိမ်ထောင်မပြုချင်တဲ့ လူငယ်တွေက တစ်ခြား ရွာတွေမှာ ကိုရင်ဝတ်ကြတယ်၊ အခု ဘယ်ရွာမဆို လူငယ်တွေ မရှိတော့ဘူး” ဟု လားရှိုးမြို့နှင့် သီပေါမြို့ အကြားရှိ ရှမ်းရွာမှ ခေးစောဝ်ဖ က ပြောသည်။

အဆိုပါမြို့နှစ်မြို့အကြားရှိ ကျေးရွာများ၌ အစိုးရအဖွဲ့အစည်း အချို့ရှိသော်လည်း ဒေသခံများအနေဖြင့် အခြားမြို့/ ရွာများသို့ ပြောင်းရွှေ့နေထိုင်ခြင်းမှာ ၄င်းတို့၏ဘ၀လုံခြုံမှုအတွက် အာမခံချက်ရှိသည်ဟု ပိုမိုယူဆသည့်အတွက် ယခုကဲ့သို့ ပြုလုပ်လာခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

ရွာသူရွာသားများအား တပ်သားစုဆောင်းရန်စေခိုင်းခံရခြင်းကို ဒေသခံကျေးရွာအကြီး အကဲများနှင့် လိုက် နာခြင်းမရှိပါက အကြီးအကဲထံသို့ သေနတ်ကျည်ဆံအား စာအိတ်ဖြင့်ပို့ကာ သတိပေးတတ်သောကြောင့် အချို့ကျေးရွာအကြီးအကဲများမှာ တပ်သားများစုဆောင်း ပေးရလေ့ရှိကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။

အဆိုပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဖက်ဆိုင်ရာအဖွဲ့အစည်းများ အား မေးမြန်းရာ၌ လက်ရှိတွင် တိုက်ပွဲများဖြစ်ပေါ်ခြင်း မရှိသကဲ့သို့ တပ်သားစုဆောင်ခြင်း မျိုးလည်း မရှိကြောင်း တာဝန်ရှိသူတစ်ဦးက ဖြေဆိုခဲ့သည်။

“တိုက်ပွဲတွေမဖြစ်တာ တော်တော်ကြာပါပြီ၊ ရှေ့တန်းသွားနေတာတွေတော့ ရှိတာပေါ့၊ နယ်မြေ အနေအထားကတော့ ငြိမ်နေတယ်လို့ပြောရမှာပါပဲ၊ အဲ့လိုတပ်သားစုဆောင်းတာ တွေရှိတယ်ဆိုတာတော့ ကျွန်တော်တို့ဘက်က မကြားပါဘူး” ဟု ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဖက်ဆိုင်ရာအဖွဲ့အစည်း တစ်ခုမှ အမည်မဖေါ်လိုသူ အကြီးတန်းအရာရှိတစ်ဦး က ပြောသည်။

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ အစိုးရတပ်သားများနှင့် ရှမ်း/မြောက်ဒေသ အတွင်းရှိ တောတွင်း လက်နက်ကိုင် တပ်များအကြားတိုက်ပွဲများ မရှိသလောက်ငြိမ်သက်ခဲ့သော်လည်း လက်နက်ကိုင်တပ်များမှ
တပ်သားစုဆောင်းမှုကို ယနေ့တိုင်ပြုလုပ်နေဆဲရှိသည်ဟု ဒေသခံတို့က ဆိုသည်။
 
From : Myit Makha Mediagroup

No comments:

Post a Comment