(ဖြစ်ရပ်မှန်ဖြစ်သဖြင့် နာမည်နေရပ်အတိအကျ မဖေါ်ပြတော့ပါ ကြောက်တတ်သူများ မဖတ်ပါနှင့်)
၁၉၉၆ လောက်က ခလရ(--- )က ဗိုလ်ကြီးတစ်ယောက်ဟာ သူရဲ့ငယ်ချစ်ဦးနဲ့ လက်ထပ်ဖို့အတွက် မိတ္တီလာကို ခွင့်ပြန်လာပါတယ်။ ဗိုလ်ကြီးက အသားဖြူဖြူအရပ်မြင့်မြင့် သူ့ချစ်သူဟာလည်း ရုပ်ချောလှပသူဖြစ်ရုံသာမက မြို့မျက်နှာဖုံး ချမ်းသာသူဖြစ်လေတော့ နှစ်ယောက်စလုံးဟာ နေနဲ့လ ရွှေနဲ့မြ လိုက်ဖက်တဲ့ချစ်သူတွေ ဖြစ်ပြီး အားလုံးက အားကျရတဲ့စုံတွဲပါ ချစ်သူနှစ်ယောက်ကလည်း မင်္ဂလာဆောင်အတွက်ပျော်မဆုံး မော်မဆုံးနဲ့ ပြင်ဆင်နေ ကြတာပေါ့လေ ဒီလိုနဲ့ မင်္ဂလာဆောင်တဲ့နေ့ရက်ကို ရောက်ရှိလို့လာပါတယ် တပ်မတော်က အရာရှိဖြစ်လေတော့ ဗိုလ်ကြီးက ဆဖာရီကုတ် ခေါ်တဲ့ အခမ်းအနားဝတ်စုံနဲ့ပါ သတို့သမီး ကလည်း မြန်မာ ထိုင်မသိမ်းဝတ်စုံဖြူလေးနဲ့ သိပ်လှနေတာပေါ့ဗျာ အားလုံးက ကံကောင်းတယ် လိုက်ဖက်ပါတယ်ပြောနေ ကြတဲ့ ဒီစုံတွဲဟာ အားလုံးကထင်မှတ်မထားတဲ့ ကံကြမ္မာဆိုးကြီးနဲ့ဆုံခဲ့ရပါတယ် ။
၁၉၉၆ လောက်က ခလရ(--- )က ဗိုလ်ကြီးတစ်ယောက်ဟာ သူရဲ့ငယ်ချစ်ဦးနဲ့ လက်ထပ်ဖို့အတွက် မိတ္တီလာကို ခွင့်ပြန်လာပါတယ်။ ဗိုလ်ကြီးက အသားဖြူဖြူအရပ်မြင့်မြင့် သူ့ချစ်သူဟာလည်း ရုပ်ချောလှပသူဖြစ်ရုံသာမက မြို့မျက်နှာဖုံး ချမ်းသာသူဖြစ်လေတော့ နှစ်ယောက်စလုံးဟာ နေနဲ့လ ရွှေနဲ့မြ လိုက်ဖက်တဲ့ချစ်သူတွေ ဖြစ်ပြီး အားလုံးက အားကျရတဲ့စုံတွဲပါ ချစ်သူနှစ်ယောက်ကလည်း မင်္ဂလာဆောင်အတွက်ပျော်မဆုံး မော်မဆုံးနဲ့ ပြင်ဆင်နေ ကြတာပေါ့လေ ဒီလိုနဲ့ မင်္ဂလာဆောင်တဲ့နေ့ရက်ကို ရောက်ရှိလို့လာပါတယ် တပ်မတော်က အရာရှိဖြစ်လေတော့ ဗိုလ်ကြီးက ဆဖာရီကုတ် ခေါ်တဲ့ အခမ်းအနားဝတ်စုံနဲ့ပါ သတို့သမီး ကလည်း မြန်မာ ထိုင်မသိမ်းဝတ်စုံဖြူလေးန
ဒါကတော့ တချိန်က သတို့သမီးရဲ့ချစ်သူဟောင်းဟာ မင်္ဂလာပွဲကို ဓါးတလက်နဲ့ဝင်ရောက်လာပြီး အားလုံး ဝိုင်းဆွဲနေတဲ့ကြားထဲက ဆွဲတဲ့သူတွေရော သတို့သမီး သတို့သားရောကိုပါ ဓါးနဲ့ခုတ်ခဲ့လို့ သတို့ သမီးဟာနေရာတွင်ပဲ ပွဲချင်းပြီးသေဆုံးရရှာပါတယ်
သတို့သမီးရဲ့ အဖြူရောင်ဝတ်စုံဟာ သွေးချင်းချင်းနီရဲသွားပေမယ့် သတို့သမီးရဲ့မျက်လုံးတွေကတော့ သူမချစ်မြတ်နိုးတဲ့ သတို့သားကိုဝမ်းနည်းတဲ့မျက်လုံး
ဒီလိုနဲ့သူတို့ဇာတ်လမ်းကလေးဟာ ကြေကွဲစရာတွေနဲ့အဆုံးသတ်သွားပါတ
သူဟာ တကိုယ်တည်းဘဝနဲ့ပဲ ၂၀၀၉ ခုနှစ်မှာ မိတ္တီလာမြို့ နာမည်ကျော် ရေကျော်ခုနှစ်ပေါက် ရေ တံခါးမှာ ရေနစ်သေဆုံးခဲ့ပါတယ် မသေဆုံးခင်အထိ ညစဉ်ညတိုင်း သူရဲ့ သွေးပေနေတဲ့ သတို့သား ဝတ်စုံကို ရှေ့မှာချပြီး တယောက်တည်း စကားတွေပြောနေတာကို ချောင်းတွေ့တယ် လို့ ဆွေမျိုးနီးစပ်သူတွေက ပြောပါတယ် သူမသေခင် နေ့စဉ်နေ့တိုင်း သူ့အခန်းထဲမှာ ညဘက် ဆို မြန်မာသတို့သမီး ဝတ်စုံဖြူနဲ့ မိန်းကလေးတစ်ယောက်ကို ခဏ ခဏ တွေ့ကြောင်းလဲပြောကြပါတယ်
ဒီလိုနဲ့ ၂၀၁၀ခုနှစ် (သတို့သမီးသေဆုံးပြီး ၁၄ နှစ် သတို့သားသေဆုံးပြီး တစ်နှစ်မှာပါ) ကျွန်တော့် သူငယ်ချင်း သေသူရဲ့တူတော်တဲ့သူက မိတ္တီလာစစ်ဆေးရုံမှာ ဆေးမှူးဗိုလ်ကြီးအဖြစ်တာဝန်ကျပါ
အဲ့သည့်နေ့က မှတ်မှတ်ရရ ၂၀၁၀ ခုနှစ် မတ်လ ၂၆ ရက်ကပါ နောက်နေ့ တပ်မတော်နေ့ ညစာ စားပွဲအတွက် ကျွန်တော့်သူငယ်ချင်းဟာ ဆာဖာရီကုတ်မရှိပါဘူး ပြန်ချုပ်ဖို့ကလည်း အချိန်မမှီ ရှိတဲ့သူတွေ အကုန်လုံးက စားပွဲတက်မှာဆိုတော့ ငှားလို့လဲမရဘူးလေ ဒါနဲ့ဆက်စပ်တွေးလိုက်တော့ မနှစ်က ဆုံးသွားတဲ့ သူ့ဦးလေး ဗိုလ်ကြီးဟောင်းကို အမှတ်ရပါတယ်
ဒါနဲ့ သူ့အိမ်မှာရှိမှာပဲဆိုပီးသွားငှ
ဒါပေမယ့် သူငယ်ချင်းက ဆရာဝန်ဆိုတော့ အယုံအကြည်မရှိဘူးလေ သူက ထုတ်ပြဖို့ပြောတော့ အိမ်သားတွေက အပေါ်ထပ်က အသေပိတ်ထားတဲ့အခန်းကို ကျွန်တော်တို့နှစ်ယောက်စလုံးကို
အဲ့မှာ တော်တယ်ဆိုပီး ငှားပါတယ် အဲ့သည့်အိမ်ကလည်း အပိုင်သာယူသွားပါဆိုပီး သေသေချာချာ ထုတ်ပေးလိုက်ပါတော့တယ
ယိုးဒယားက အစွန်းချွတ်ဆေးသုံးပေမယ့်မရပါဘူ
သူက မကြောက်တတ်ပေမယ့် ကျွန်တော်က အလွန်ကြောက်တာမို့ အပေါ့သွားရင်တောင် လှည့်မကြည့်ရဲ ပါဘူး ဒီလိုနဲ့ ည ၁၀ နာရီ ရောက်လာပါတယ် ကျွန်တော်တို့နှစ်ယောက် စာဖတ်နေရင်း ဒီကောင်က ဘာစိတ်ကူးပေါက်လဲမသိပါဘူး ရုတ်တရက် ဝတ်စုံကြီးကို စိုက်ကြည့်ပြီး "ဘာဖြစ်လို့ ဒီအစွန်းက မကျွတ်ရသလဲကွာ" ဆိုပီး တယောက်တည်းရေရွတ်လိုက်ပါတယ် အဲ့သည့်အချိန်မှာပဲ ရုတ်တရက်မီးပျက် သွားပါတယ် ကျွန်တော်တို့နှစ်ယောက်လုံးကြော
သူငယ်ချင်းက အားခနဲ အော်လိုက်သလို ကျွန်တော့်ရဲ့ဦးခေါင်းဟာလည်း အဆမတန်ကြီးထွားသွားသလို ခံစားလိုက်ရပါတယ် ဒါပေမယ့် သတို့သမီးက တချက်ပြုံးကြည့်ပြီး "အစွန်းကဘယ်ကျွတ်မလဲ အမှတ်တစ် စက်မှုဝန်ကြီးဌာနက ထုတ်တဲ့ ရွှေဝါဆပ်ပြာနဲ့မှ မလျှော်တာ" လို့ပြောလဲပြော သူ့ရဲ့ လက်ထဲက ရွှေဝါဆပ်ပြာ နှစ်ပိုင်းကို ကျွန်တော်တို့ကို ပေးလိုက်ပါတယ် သူငယ်ချင်းလဲ ဝမ်းသာအားရနဲ့ ညတွင်းချင်း လျှော်ပစ်တာ အစွန်းအထင်းမှန်သမျှအကုန်ပျောက်
ကျေးဇူးပါပဲ ရွှေဝါရယ်
(ဟီဟိ)
(drkokooodsma facebookမှ)
No comments:
Post a Comment