Wednesday, February 13, 2013

ဂေါ်ဖီထုပ်သုပ်စားရာမှ နှစ်ဦးသေ၊ ၃၀ ဦး ဆေးရုံရောက်

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းရှိ သစ်ပါးလွှာစက်ရုံမှ အလုပ်သမားများသည် ဖေဖော်ဝါရီ ၁၁ ရက်က ဂေါ်ဖီထုပ်သုပ်စားသုံးရာမှ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ ၃၀ ဦးခန့် ဆေးရုံ တင်ထားရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ဟုမ္မလင်းမြို့နယ် ယက်ဖကျေးရွာရှိ "လပြည့်နဂါး" ကုမ္ပဏီသစ်ပါးလွှာစက်ရုံရှိ အလုပ်သမား ၃၂ ဦး သည် ဖေဖော်ဝါရီ ၁၁ ရက် မနက် ၆ နာရီခန့်တွင် ဂေါ်ဖီထုပ်အား သုပ်၍ ထမင်းကြမ်းနှင့် စားရာ အစာ အဆိပ်သင့်ပြီး မူးဝေအော့အန် မေ့လဲသွားကြသဖြင့် ထမံသီတိုက်နယ်ဆေးရုံသို့ တင်ပို့ဆေးကုသခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့အနက်မှ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ယင်းနေ့၊ နေ့လယ် ၁ နာရီခွဲခန့် တွင် သေဆုံးသွားခဲ့ပြီး နေ့လယ် ၃ နာရီခန့်တွင် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံး သွားခဲ့ကြောင်း၊ ကျန် ၃၀ ဦးမှာ ထမံသီဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

From : 7Day News Journal

No comments:

Post a Comment