Sunday, February 17, 2013

ကမ္ဘာ့ လူဦးရေ အထူ ထပ်ဆုံး အိမ်ရာ

Photo: ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး အိမ်ရာ
Saturday, February 16, 2013

၆ ဧကခွဲ မြေနေရာမှာ လူဦးရေ ၃သောင်း၃ထောင် နေထိုင်တယ်ဆိုတော့ ကမ္ဘာမှာ လူဦးရေ အထူထပ်ဆုံးပါပဲ။ ဟောင်ကောင်မှာ တည်ရှိပါတယ်။

အရင်တုန်းကတော့ ရာဇဝတ်မြို့ တော် ဖြစ်ပြီး ယခုတော့ လေ့လာစရာ နေရာ Kowloon Walled City Park ဖြစ်သွားပါပြီ။ ဒုတိယကမ္ဘာစစ်ကာလ က ဟောင်ကောင်မှာ တရုတ်ပြည်မက ခံတပ်အနေနဲ့ တည်ဆောက်ပြီး
နေရာယူခဲ့တာ ဖြစ်ပါတယ်။ ပတ်လည်မှာ ဗြိတိန်တို့ ပိုင်ပင်မယ့် စစ်အေးခေတ်မှာ တရုတ်ပြည်မက ပိုင်သော နယ်မြေ တစ်ခု အဖြစ် ကျန်ရှိပါတယ်။

သို့ပေမယ့် ယင်းနေရာမှာ အုပ်ချုပ်သူတို့က မူးယစ်ဂိုဏ်းသမား များ ဖြစ်ပါတယ်။ ဘယ်သူမှလည်း မထိန်းချုပ်နိုင်ပါဘူး ဟောင်ကောင်တို့ ကိုယ်ပိုင်အုပ်ချုပ်ရေးရတော့လည်း ယင်း နေရာကို မထိရဲပါဘူး။ လူပေါင်း ၄သောင်းနီးပါးလုံးက မှောင်ခိုလုပ်ငန်းလုပ်တဲ့ မိသားစုတွေဖြစ်ပြီး
ဟောင်ကောင်မှာ နာမည်ကြီးပဲ ဖြစ်ပါတယ်။ ကိုယ်ပိုင်နိုင်ငံ၊ ကိုယ်ပိုင် စစ်တပ်တွေလိုတောင် ထားရှိပါတယ်။ ၁၉၅၀ မှ ၁၉၇၀ ကြားက လူဦးရေ ၅သောင်းလောက်ထိ ရှိခဲ့တယ်လို့ဆိုပါတယ်။ ယခင်တုန်းက တရုတ်ပြည်မက တည်ဆောက်ခဲ့တဲ့ ခံတပ် ဖြစ်ပြီး တစ်နှစ်ပြီး တစ်နှစ် ဖြစ်သလို့ အိမ်တွေဆောက်ရင်းက ယခုလို ထူထပ်သွားတာ
ဖြစ်ပါတယ်။

ဒီအတွက် ဘယ်အင်ဂျင်နီယာမှမပါပဲဆောက်ထားခြင်း ဖြစ်ပြီး နေရာက ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ရှုပ်ထွေးလို့ နေပါတယ်။ ၁၉၈၇ ခုနှစ်နောက်ပိုင်း ကျတော့ ဟောင်ကောင်ရဲများ ဝင်ရောက်စီးနှင်းမှုများ ဆက်တိုက်ပြုလုပ်ပြီး တစ်ခါစစ်ဆင်ရေးသွားတိုင်း ရာဇဝတ်သား အယောက် ၃ထောင်နီးပါး ဖမ်းဆီး ရရှိပါတယ်။ ၁၉၉၄ ကျတော့ အပြီးသတ် ဖယ်ရှားနိုင်ခဲ့ပြီး 
Walled City ကိုဖျက်သိမ်းနိုင်ခဲ့ပါတယ်။ ဒီအတွက် ယင်းနေရာ မှာ
နေထိုင်တဲ့ ပြည်သူများကို လျော်ကြေးပေးတာ အမေရိကန်ဒေါ်လာ 
သန်း ၃၅၀ မက ကုန်ကျတယ်လို့ဆိုပါတယ်။

ယခုတော့ ယင်းနေရာကို လေ့လာစရာနေရာတစ်ခုအဖြစ် ထားရှိပြီး ဆိုင်ခန်းတွေဖွင့်လှစ်ထားပါတယ်။ ဒါကြောင့် Kowloon Walled City ဟာ ကမ္ဘာလူဦးရေအသိပ်သည်းဆုံး၊ အရှုပ်အထွေးဆုံး အိမ်ရာ၊မြို့ ငယ် တစ်ခု အဖြစ် အသတ်မှတ်ခံခဲ့ရပါတယ်။
--
Ref: wiki
ရိုးရာလေး နိုင်ငံတကာ
--

http://www.yoyarlay.com/international-news/asia/34222-kowloon-walled-city-park

--
YoYarLay ၆ ဧကခွဲ မြေနေရာမှာ လူဦးရေ ၃သောင်း၃ထောင် နေထိုင်တယ် ဆိုတော့ ကမ္ဘာမှာ လူဦးရေ အထူထပ်ဆုံးပါပဲ။ ဟောင်ကောင်မှာ တည်ရှိပါတယ်။အရင်တုန်းကတော့ ရာဇဝတ်မြို့ တော် ဖြစ်ပြီး ယခုတော့ လေ့လာ စရာ နေရာ Kowloon Walled City Park ဖြစ်သွားပါပြီ။ ဒုတိယ ကမ္ဘာစစ်ကာလ က ဟောင်ကောင်မှာ တရုတ်ပြည်မက ခံတပ်အနေနဲ့ တည်ဆောက်ပြီး နေရာယူခဲ့တာ ဖြစ်ပါတယ်။ ပတ်လည်မှာ ဗြိတိန်တို့ ပိုင်ပင်မယ့် စစ်အေးခေတ်မှာ တရုတ်ပြည်မက ပိုင်သော နယ်မြေ တစ်ခု အဖြစ် ကျန်ရှိပါတယ်။

သို့ပေမယ့် ယင်းနေရာမှာ အုပ်ချုပ်သူတို့က မူးယစ်ဂိုဏ်းသမားများ ဖြစ်ပါတယ်။ ဘယ်သူမှလည်း မထိန်းချုပ်နိုင်ပါဘူး ဟောင်ကောင်တို့ ကိုယ်ပိုင်အုပ်ချုပ်ရေးရတော့လည်း ယင်း နေရာကို မထိရဲပါဘူး။ လူပေါင်း ၄သောင်းနီးပါးလုံးက မှောင်ခိုလုပ်ငန်းလုပ်တဲ့ မိသားစုတွေဖြစ်ပြီး ဟောင်ကောင်မှာ နာမည်ကြီးပဲ ဖြစ်ပါတယ်။ ကိုယ်ပိုင်နိုင်ငံ၊ ကိုယ်ပိုင် စစ်တပ်တွေလိုတောင် ထားရှိပါတယ်။ ၁၉၅၀ မှ ၁၉၇၀ ကြားက လူဦးရေ ၅သောင်းလောက်ထိ ရှိခဲ့တယ်လို့ဆိုပါတယ်။ ယခင်တုန်းက တရုတ်ပြည်မက တည်ဆောက်ခဲ့တဲ့ ခံတပ်ဖြစ်ပြီး တစ်နှစ်ပြီးတစ်နှစ် ဖြစ်သလို့ အိမ်တွေဆောက်ရင်းက ယခုလို ထူထပ် သွား တာ ဖြစ်ပါတယ်။

ဒီအတွက် ဘယ်အင်ဂျင်နီယာမှမပါပဲဆောက်ထားခြင်း ဖြစ်ပြီး နေရာက ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ရှုပ်ထွေး လို့ နေပါတယ်။ ၁၉၈၇ ခုနှစ်နောက်ပိုင်း ကျတော့ ဟောင်ကောင်ရဲများ ဝင်ရောက်စီးနှင်းမှုများ ဆက်တိုက်ပြုလုပ်ပြီး တစ်ခါစစ်ဆင်ရေးသွားတိုင်း ရာဇဝတ်သား အယောက် ၃ထောင်နီးပါး ဖမ်းဆီး ရရှိပါတယ်။ ၁၉၉၄ ကျတော့ အပြီးသတ် ဖယ်ရှားနိုင်ခဲ့ပြီး Walled City ကိုဖျက်သိမ်းနိုင်ခဲ့ပါတယ်။ ဒီအတွက် ယင်းနေရာ မှာ နေထိုင်တဲ့ ပြည်သူများကို လျော်ကြေးပေးတာ အမေရိကန်ဒေါ်လာ သန်း ၃၅၀ မက ကုန်ကျတယ်လို့ဆိုပါတယ်။

ယခုတော့ ယင်းနေရာကို လေ့လာစရာနေရာတစ်ခုအဖြစ် ထားရှိပြီး ဆိုင်ခန်းတွေဖွင့်လှစ်ထားပါတယ်။ ဒါကြောင့် Kowloon Walled City ဟာ ကမ္ဘာလူဦးရေအသိပ်သည်းဆုံး၊ အရှုပ်အထွေးဆုံး အိမ်ရာ၊မြို့ ငယ် တစ်ခု အဖြစ် အသတ်မှတ်ခံခဲ့ရပါတယ်။
 
 ရိုးရာလေး နိုင်ငံတကာ
http://www.yoyarlay.com/international-news/asia/34222-kowloon-walled-city-park
YoYarLay

No comments:

Post a Comment