Thursday, March 28, 2013

ပုသိမ်-ရန်ကုန် ရထား ပြေးဆွဲမည်

     လာမည့် ဇွန်လမှ စတင်၍ ပုသိမ်- ရန်ကုန် ရထားလိုင်း သယ်ယူ ပို့ဆောင်ရေးကို အကောင် အထည် ဖော်မည်ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦး ထံက သိရသည်။
ပုသိမ်-ရန်ကုန် ရထားလမ်းသည် ပုသိမ်- ရန်ကုန် ကားလမ်းဘေးတွင် တည်ရှိပြီး ကားများ ဖြတ်သန်းရာ မြို့များဖြစ်သော ကန်ကြီးဒေါင့်၊ ဒါးက၊ ပန်းတနော်၊ ညောင်တုန်းနှင့် ကျောင်း ကုန်း မြို့များကို ရထားဖြတ်သန်းမောင်းနှင်မည် ဖြစ်ကြောင်း၊ ပုသိမ်မှ ရန်ကုန်သို့ ယခု အချိန်တွင် ပုဂ္ဂလိက ကားလိုင်းများ မြန်မာ့ ဆိပ်ကမ်းမှ သင်္ဘောများနှင့် တစ်ပတ်လျှင် တစ်ကြိမ်ခန့် လေယာဉ် ပြေးဆွဲမှုများ အပြင် ယခုကဲ့သို့ ရထားလိုင်းများ ပြေးဆွဲရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment