Thursday, March 28, 2013

တပ္မေ တာ် ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ် မှူးကြီး သရေ စည်သူ မင်းအောင် လှိုင် (၆၈) နှစ်မြောက် တပ်မေ တ်ာနေ့ အထိမ်း အမှတ် ဧည့်ခံ ပွဲနှင့် ဂုဏ်ပြု ညစာ စားပွဲတ က်ရောက်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့က တည်ခင်း ဧည့်ခံသည့် ၂ဝ၁၃ ခုနှစ် (၆၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြု ညစာစားပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ ကျင်းပသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် ၂ဝ၁၃ ခုနှစ် တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့်  ဂုဏ်ပြု ညစာစားပွဲ အခမ်းအနား ကျင်းပ သည့် ဇေယျာ သီရိဗိမာန် ဥပစာရင်ပြင်သို့ ညနေ ၆ နာရီခွဲတွင် ရောက်ရှိ လာပြီး ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ လွှတ်တော်ရေး ရာ ကော်မတီ ဥက္ကဋ္ဌများ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး သရေစည်သူ လှဌေးဝင်းနှင့် ဇနီး ဒေါ် မာမာဝေ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သူရသက်ဆွေနှင့် ဇနီး ဒေါ်ဝေမာမာထွန်း၊ ကာကွယ် ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ် ဇေယျကျော်ထင် ခင်အောင်မြင့်နှင့် ဇ နီး ဒေါ်အေးအေးသန်းတို့နှင့် အတူ အခမ်းအနားသို့ တက်ရောက် လာကြသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တပ်မတော်နေ့ ကျင်းပရေး ဦးစီး ကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများ၊ (၆၈)နှစ်မြောက် တပ်မတော် နေ့ စစ်ရေးပြမှူးကြီး၊ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြား စစ်သံမှူးများ၊   တက္ကသိုလ် လေ့ကျင့်ရေး တပ်များမှ တပ်ဖွဲ့ ဝင် ကျောင်းဆရာများနှင့် ကျောင်းသားများ၊ အနုပညာ ရှင်များနှင့် ဖိတ်ကြား ထားသူများအား  ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။
အဆိုပါ (၆၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြု ညစာစားပွဲသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တပ်မတော်နေ့ ကျင်းပရေး ဦးစီး ကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများ၊ (၆၈)နှစ်မြောက် တပ်မတော်နေ့  စစ်ရေးပြမှူးကြီး၊ မြန်မာနိုင်ငံ ဆိုင်ရာ  နိုင်ငံခြား စစ်သံမှူးများ၊ တက္ကသိုလ် လေ့ကျင့်ရေး တပ်များမှ တပ်ဖွဲ့ ဝင် ကျောင်းဆရာများနှင့် ကျောင်းသားများ၊  အနုပညာ ရှင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်နှင့် ဇနီးတို့က တက်ရောက် လာကြသည့်  ဧည့်သည်တော်များအား ဂုဏ်ပြု ညစာဖြင့် တည်ခင်းဧည့်ခံသည်။
ထိုအချိန်တွင် ၂ဝ၁၃  ခုနှစ် (၆၈)နှစ်မြောက် တပ်မတော်နေ့  အထိမ်းအမှတ် အဖြစ် တပ်မတော်နေ့ စစ်ရေးပြကွင်းနှင့် ဘုရင့်နောင် ရိပ်သာတို့မှ မီးရှူး၊ မီးပန်းများ ပစ်ဖောက်သည်။
(၆၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြု ညစာ စားပွဲတွင်   ညစာမ သုံး ဆောင်မီနှင့် သုံးဆောင်နေစဉ် အတွင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီ တေးဂီတ အဖွဲ့က တေးသံသာများဖြင့် ဧည့်ခံဖျော်ဖြေ ကြသည်။
ညစာစားပွဲ အပြီးတွင် အခမ်းအနားသို့ တက်ရောက်လာကြ သူများအား ဇေယျာသီရိ ဗိမာန် သဘင်ဆောင် ခန်းမ၌ မြဝတီ အငြိမ့်အဖွဲ့ နှင့် နယ်လှည့်ပြည်သူ့ ဆက်ဆံရေး တပ်ခွဲများမှ စစ်သည်၊ စစ်သမီးများက ယဉ်ကျေးမှု အကပဒေသာများ ဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment