Thursday, March 28, 2013

အမေရိကန်တွင် ဗုဒ္ဓဘာသာ ရှေးဟောင်း ပစ္စည်းများ ပြသရေး ဆွေးနွေး

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှ Metropolitan Museum of Art ၏ အရှေ့တောင်အာရှဆိုင်ရာ Florence and Herbert Living Curator of the Arts မှ Mr. John Guy နှင့် ယဉ်ကျေးမှု ဝန်ကြီး ဦးအေးမြင့်ကြူတို့ မတ်လ ၂၆ ရက်နေ့က တွေ့ဆုံရာ၌ အမေရိကန်တွင် ဗုဒ္ဓဘာသာ ရှေးဟောင်း ပစ္စည်းများ ပြသရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာ-အမေရိကန် နှစ်နိုင်ငံ ယဉ်ကျေးမှု အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများ၊ ၂၀၁၄ ခုနှစ်တွင် Metropolitan Museum ၌ မြန်မာနိုင်ငံမှ ခရစ်နှစ် ၁ ရာစနှင့် ၉ ရာစု အတွင်း ပေါ်ထွန်းခဲ့သော ဗုဒ္ဓဘာသာဆိုင်ရာ ပစ္စည်းများ၊ အထောက်အထားများ ပြသပွဲ ကိစ္စများ ဆွေးနွေးခဲ့ကြောင်းမြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ဧရာဝတီ

No comments:

Post a Comment