
ဆန္ဒပြခံရသည့် တိုက်ပိုင်ရှင်မှာ စစ်တွေမြို့ အိုးတန်းရပ်ကွက် ရွှေသာလမ်းမှ ဦးစံရွှေအောင် ဖြစ်ကြောင်း သိရသည်။
ဆန္ဒပြသူ လူ ၁၀ ဦးခန့်သည် ဖေဖေါ်ဝါရီလ ၂၈ ရက် ညနေ ၇ နာရီခန့်တွင် ဦးစံရွှေအောင် တိုက်ရှေ့သို့ သွားရောက်ပြီး စုဝေးဆန္ဒပြခဲ့ကြပြီး အိုအိုင်စီ လက်အောက်ခံ တူရကီ အန်ဂျီအို တစ်ခုအား ဦးစံရွှေအောင်ပိုင် လေးထပ်တိုက်အား ဌားရမ်းမူကို ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။
မတ်လ ၁ ရက်နေ့ နံနက်ကလည်း ရဟန်းသံဃာတော်များ အပါအ၀င် လူပေါင်း ၅၀ ခန့်က အဆိုပါ တိုက်ရှေ့သို့ စုရုံး ရောက်ရှိလာကြပြီး တူရကီ နိုင်ငံမှ အန်ဂျီအိုအား တိုက်ဌားရမ်းထားခြင်းကို ရပ်တန့်ရန် ဆက်လက် တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။
“ တိုက်ပိုင်ရှင် ပြောတာကတော့ ဆက်မဌားတော့ဘူး။ ကန်ထရိုက် စာချုပ်ကို ဖျက်သိမ်းလိုက်ပြီ လို့ ပြောတယ်။ ဒါကြောင့် ကျွန်တော်တို့ တောင်းဆိုမူကို နံနက် ၁၀ နာရီမှာ အောင်မြင်စွာနဲ့ ရုတ်သိမ်း လိုက်ပါတယ်” ဟု ဆိုသည်။
ယခုအခါ အနောက်နိုင်ငံ အန်ဂျီအိုများ အပါအ၀င် အိုအိုင်စီ အဖွဲ့ဝင် နိုင်များ ဖြစ်ကြသော တူရကီ၊ အင်ဒိုနီးရှား၊ မလေးရှားစသည့် နိုင်ငံများမှ အန်ဂျီအို များသည် ရခိုင်ပဋိပက္ခ အလွန်ကာလတွင် လူ့အခွင့်အရေးဆိုင်ရာ စာနာမူအကူအညီများ ပေးအပ်ရန် ဟု အကြောင်းပြကာ ရခိုင်ပြည်နယ်ထဲသို့ ၀င်ရောက်နေကြသည်ဟု ဆိုသည်။
ထိုအထဲမှ အန်ဂျီအို တချို့မှာ လူ့အခွင့်အရေးကို အကြောင်းပြပြီး နောက်ကွယ်တွင် နိုင်ငံရေး ပယောဂ မကင်းသော အလုပ်များကို ဆောင်ရွက်နေသည့် အပြင် ဘက်လိုက်မူများ ရှိနေသဖြင့် ဒေသခံ ရခိုင်ပြည်သူများမှ အဆိုပါ နိုင်ငံခြားမှ အန်ဂျီအိုများကို ရခိုင်ပြည်နယ်ထဲတွင် ရပ်တည်ခွင့် ပြုရန် မလိုလားကြဟု သိရသည်။
နိရဉ္စရာ
No comments:
Post a Comment