Wednesday, April 3, 2013

အမေရိ ကန်၏ ဒုံးကျည် ဖျက်သင်္ဘော ပစိဖိတ် ကမ်းခြေတွင် ကင်းလှည့်

Photo: အမေရိကန်၏ ဒုံးကျည်ဖျက်သင်္ဘော ပစိဖိတ်ကမ်းခြေတွင် ကင်းလှည့်

Wednesday, 03 April 2013

မြောက်ကိုရီးယားနှင့် အမေရိကန်၏ မဟာမိတ် တောင်ကိုရီးယားတို့ကြား ဆက်ဆံရေး တင်းမာလာပြီး မြောက်ပိုင်း ကွန်မြူနစ် နိုင်ငံက စစ်ပွဲတစ်ခု စတင်ရန် အသင့်ဟု ခြိမ်းခြောက်လာချိန်တွင် အမေရိကန် ရေတပ်က ပထမဆုံး ဖျက်သင်္ဘော တစ်စင်းကို တောင်ကိုရီးယား ကမ်းလွန်တွင် ကင်းလှည့်စေခဲ့သည်။

အမေရိကန် ရေတပ်၏ ဒုတိယမြောက် ဒုံးကျည်ကာကွယ်ရေး ဖျက်သင်္ဘော တစ်စင်းသည် ယခုအခါ ပစိဖိတ် ကမ်းခြေ အနောက်ပိုင်း ဒေသတွင် စတင် ကင်းလှည့်တာဝန် ယူနေပြီဟု သိရှိရသည်။ မြောက်ကိုရီးယားနှင့် အမေရိကန်၏ မဟာမိတ် တောင်ကိုရီးယားတို့ကြား ဆက်ဆံရေး တင်းမာလာပြီး မြောက်ပိုင်း ကွန်မြူနစ် နိုင်ငံက စစ်ပွဲတစ်ခု စတင်ရန် အသင့်ဟု ခြိမ်းခြောက်လာချိန်တွင် အမေရိကန် ရေတပ်က ပထမဆုံး ဖျက်သင်္ဘော တစ်စင်းကို တောင်ကိုရီးယား ကမ်းလွန်တွင် ကင်းလှည့်စေခဲ့သည်။

ယခုအခါ မြောက်ကိုရီးယားဘက်မှ အမှန်တကယ် စတင်ပစ်ခတ်လာပါက ယင်းဒုံးကျည်များကို တားဆီးဟန့်တားမည့် ဒုတိယမြောက် စစ်သင်္ဘော တစ်စင်းကိုပါ အမေရိကန် ရေတပ်က ကိုရီးယားကျွန်းဆွယ်သို့ ပို့ဆောင်ခဲ့သည်။ ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရ အရာရှိ ဂျော့ဂ်ျလစ်တဲလ်က Aegis ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားသော ဖျက်သင်္ဘော USS McCainသည် အခြား အမျိုးအစားတူ USS Decatur သင်္ဘောနှင့်အတူ ပစိဖိတ် အနောက်ပိုင်း ဒေသတွင် တာဝန်ထမ်းဆောင်နေပြီဟု ပြောကြားသွားခဲ့သည်။

ယင်းဖျက်သင်္ဘောများသည် မိမိတို့ နိုင်ငံ၏ စစ်မဟာမိတ်များအား ခြိမ်းခြောက်လာမည့် မည်သို့သော ဒုံးကျည်ကိုမဆို တားဆီးနိုင်ကြောင်းလည်း လစ်တဲလ်က သတင်းထောက်များကို ဆက်လက် ပြောဆိုသွားသည်။ အမေရိကန်သည် မြောက်ကိုရီးယားနှင့် ဆက်ဆံရေး အလွန်ဆိုးရွားလာချိန်တွင် ၎င်း၏ စစ်အင်အားကို ကိုရီးယား ကျွန်းဆွယ် အနီးတစ်ဝိုက်၌ ပိုမို နက်နက်ရှိုင်းရှိုင်း ပြသလာခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်များအတွင်းက အမေရိကန်သည် B-52နှင့် B-2 ဗုံးကြဲလေယာဉ်ကြီးများကို ကျွန်းဆွယ်တစ်ဝိုက် ပျံသန်းပြခဲ့သလို ယခုအခါတွင်လည်း တောင်ကိုရီးယားတွင် အမေရိကန်၏ မဟာဗျူဟာမြောက် F-22 ကိုယ်ပျောက် တိုက်လေယာဉ်များကိုပါ ပေးပို့ထားကြောင်း သိရှိရသည်။

planet myanmar
မြောက်ကိုရီးယားနှင့် အမေရိကန်၏ မဟာမိတ် တောင်ကိုရီးယားတို့ကြား ဆက်ဆံရေး တင်းမာလာ ပြီး မြောက်ပိုင်း ကွန်မြူနစ် နိုင်ငံက စစ်ပွဲတစ်ခု စတင်ရန် အသင့်ဟု ခြိမ်းခြောက်လာချိန်တွင် အမေရိကန် ရေ တပ်က ပထမဆုံး ဖျက်သင်္ဘော တစ်စင်းကို တောင်ကိုရီးယား ကမ်းလွန်တွင် ကင်းလှည့်စေခဲ့သည်။

အမေရိကန် ရေတပ်၏ ဒုတိယမြောက် ဒုံးကျည်ကာကွယ်ရေး ဖျက်သင်္ဘော တစ်စင်းသည် ယခုအခါ ပစိဖိတ် ကမ်းခြေ အနောက်ပိုင်း ဒေသတွင် စတင် ကင်းလှည့်တာဝန် ယူနေပြီဟု သိရှိရသည်။ မြောက်ကိုရီးယားနှင့် အမေရိကန်၏ မဟာမိတ် တောင်ကိုရီးယားတို့ကြား ဆက်ဆံရေး တင်းမာလာပြီး မြောက်ပိုင်း ကွန်မြူနစ် နိုင်ငံက စစ်ပွဲတစ်ခု စတင်ရန် အသင့်ဟု ခြိမ်းခြောက်လာချိန်တွင် အမေရိကန် ရေတပ်က ပထမဆုံး ဖျက်သင်္ဘော တစ်စင်းကို တောင်ကိုရီးယား ကမ်းလွန်တွင် ကင်းလှည့်စေခဲ့သည်။

ယခုအခါ မြောက်ကိုရီးယားဘက်မှ အမှန်တကယ် စတင်ပစ်ခတ်လာပါက ယင်းဒုံးကျည်များကို တားဆီးဟန့်တားမည့် ဒုတိယမြောက် စစ်သင်္ဘော တစ်စင်းကိုပါ အမေရိကန် ရေတပ်က ကိုရီးယားကျွန်း ဆွယ်သို့ ပို့ဆောင်ခဲ့သည်။ ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရ အရာရှိ ဂျော့ဂ်ျလစ်တဲလ်က Aegis ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားသော ဖျက်သင်္ဘော USS McCainသည် အခြား အမျိုးအစားတူ USS Decatur သင်္ဘောနှင့်အတူ ပစိဖိတ် အနောက်ပိုင်း ဒေသတွင် တာဝန်ထမ်းဆောင်နေပြီ ဟု ပြောကြားသွားခဲ့သည်။

ယင်းဖျက်သင်္ဘောများသည် မိမိတို့ နိုင်ငံ၏ စစ်မဟာမိတ်များအား ခြိမ်းခြောက်လာမည့် မည်သို့သော ဒုံးကျည်ကိုမဆို တားဆီးနိုင်ကြောင်းလည်း လစ်တဲလ်က သတင်းထောက်များကို ဆက်လက် ပြောဆို သွားသည်။ အမေရိကန်သည် မြောက်ကိုရီးယားနှင့် ဆက်ဆံရေး အလွန်ဆိုးရွားလာချိန်တွင် ၎င်း၏ စစ်အင်အားကို ကိုရီးယား ကျွန်းဆွယ် အနီးတစ်ဝိုက်၌ ပိုမို နက်နက်ရှိုင်းရှိုင်း ပြသလာခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်များအတွင်းက အမေရိကန်သည် B-52နှင့် B-2 ဗုံးကြဲလေယာဉ်ကြီးများကို ကျွန်းဆွယ်တစ်ဝိုက် ပျံသန်းပြခဲ့သလို ယခုအခါတွင်လည်း တောင်ကိုရီးယားတွင် အမေရိကန်၏ မဟာဗျူဟာမြောက် F-22 ကိုယ်ပျောက် တိုက်လေယာဉ်များကိုပါ ပေးပို့ထားကြောင်း သိရှိရသည်။
planet myanmar

No comments:

Post a Comment