Wednesday, April 3, 2013

အစ္စရေး က ဂါဇာတွင် ဗုံးကြဲတိုက် ခိုက်မှုများ ပြုလုပ်

Photo: အစ္စရေးက ဂါဇာတွင် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်

Wednesday, April 3, 2013

အင်္ဂါနေ့ နံနက် အစောပိုင်းက ပါလက်စတိုင်း စစ်သွေးကြွတို့ ပစ်ခတ်လိုက်

သည့် ဒုံးကျည်နှင့် မော်တာများ အစ္စရေး တောင်ပိုင်းသို့ ကျရောက် ပေါက်

ကွဲပြီးနောက် အစ္စရေးက ဂါဇာတွင် ညတိုက်ပွဲ ဆင်နွှဲခဲ့ခြင်းဟု မျက်မြင်သက်

သေများနှင့် လုံခြုံရေးဌာန သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

အစ္စရေး လေတပ်သည် ဂါဇာတွင် အင်္ဂါနေ့ ညပိုင်းက တိုက်စစ်ဆင် ဗုံးကြဲမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အင်္ဂါနေ့ နံနက် အစောပိုင်းက ပါလက်စတိုင်း စစ်သွေးကြွတို့ ပစ်ခတ်လိုက်သည့် ဒုံးကျည်နှင့် မော်တာ

များ အစ္စရေး တောင်ပိုင်းသို့ ကျရောက် ပေါက်ကွဲပြီးနောက် အစ္စရေးက ဂါဇာတွင် ညတိုက်ပွဲ ဆင်နွှဲခဲ့ခြင်းဟု မျက်မြင်သက်သေများနှင့် လုံခြုံရေး

ဌာန သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာလက အစ္စရေးသည် ဂါဇာတွင် ကြီးမားသော စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ယခုလို လေကြောင်းမှ ထိုးစစ်ဆင်ခြင်းသည် ပထမဆုံး ပြန်လည် ပြုလုပ်လာခြင်းလည်း ဖြစ်

သည်။

အစ္စရေး လေတပ်၏ မဟာဗျူဟာမြောက် မွမ်းမံထားသည့် F-16 ဂျက်လေယာဥင်္များသည် ဂါဇာစီးတီး အရှေ့ပိုင်းနှင့် ဂါဇာကမ်းမြှောင်

မြောက်ပိုင်း ဒေသများကို ဗုံးကြဲ တိုက်ခိုက်သွားခဲ့သည်။ သန်းခေါင်ယံ မတိုင်မီ အချိန်လေးတွင် အစ္စရေး လေယာဉ်များ ပျံသန်း ရောက်ရှိလာ

ပြီး စစ်သွေးကြွတို့ ခိုအောင်းနေသည်ဟု ယူဆရသော ပစ်မှတ်များကို ဗုံးကြဲခြင်းကြောင့် ဒေသခံများ အနေဖြင့် ဆူညံသော ပေါက်ကွဲသံများ

ကို ကြားရသလို နေအိမ်များ တုန်ခါလှုပ်ရှားနေသည်ကိုလည်း ခံစား

ခဲ့ရကြောင်း ပြောဆိုခဲ့ကြသည်။

ယခုတိုက်ခိုက်ခြင်းကြောင့် အပျက်အစီးနှင့် အသေအပျောက် သတင်း

ကို အတည်ပြုချက် မရယူနိုင်သေးဟု ဆိုသည်။ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနကမူ ယင်းကိစ္စအပေါ် တစ်စုံတစ်ရာ မှတ်ချက်ပေးရန် ငြင်း

ဆိုခဲ့ကြောင်း သိရှိရသည်။

Source: Xinhua

Planet Myanmar Network
အင်္ဂါနေ့ နံနက် အစောပိုင်းက ပါလက်စတိုင်း စစ်သွေးကြွတို့ ပစ်ခတ်လိုက်သည့် ဒုံးကျည်နှင့် မော်တာများ အစ္စရေး တောင်ပိုင်းသို့ ကျရောက် ပေါက်ကွဲပြီးနောက် အစ္စရေးက ဂါဇာတွင် ညတိုက်ပွဲ ဆင်နွှဲခဲ့ခြင်းဟု မျက်မြင်သက်သေများနှင့် လုံခြုံရေးဌာန သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

အစ္စရေး လေတပ်သည် ဂါဇာတွင် အင်္ဂါနေ့ ညပိုင်းက တိုက်စစ်ဆင် ဗုံးကြဲမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အင်္ဂါနေ့ နံနက် အစောပိုင်းက ပါလက်စတိုင်း စစ်သွေးကြွတို့ ပစ်ခတ်လိုက်သည့် ဒုံးကျည်နှင့် မော်တာ
များ အစ္စရေး တောင်ပိုင်းသို့ ကျရောက် ပေါက်ကွဲပြီးနောက် အစ္စရေးက ဂါဇာတွင် ညတိုက်ပွဲ ဆင်နွှဲခဲ့ခြင်းဟု မျက်မြင်သက်သေများနှင့် လုံခြုံရေးဌာန သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာလက အစ္စရေးသည် ဂါဇာတွင် ကြီးမားသော စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ယခုလို လေကြောင်းမှ ထိုးစစ်ဆင်ခြင်းသည် ပထမဆုံး ပြန်လည် ပြုလုပ်လာခြင်းလည်း ဖြစ်သည်။
အစ္စရေး လေတပ်၏ မဟာဗျူဟာမြောက် မွမ်းမံထားသည့် F-16 ဂျက်လေယာဥင်္များသည် ဂါဇာစီးတီး အရှေ့ပိုင်းနှင့် ဂါဇာကမ်းမြှောင်မြောက်ပိုင်း ဒေသများကို ဗုံးကြဲ တိုက်ခိုက်သွားခဲ့သည်။ သန်းခေါင်ယံ မတိုင်မီ အချိန်လေးတွင် အစ္စရေး လေယာဉ်များ ပျံသန်း ရောက်ရှိလာပြီး စစ်သွေးကြွတို့ ခိုအောင်းနေသည်ဟု ယူဆရသော ပစ်မှတ်များကို ဗုံးကြဲခြင်းကြောင့် ဒေသခံများ အနေဖြင့် ဆူညံသော ပေါက်ကွဲသံများကို ကြားရသလို နေအိမ်များ တုန်ခါလှုပ်ရှားနေသည်ကိုလည်း ခံစားခဲ့ရကြောင်း ပြောဆိုခဲ့ကြသည်။
ယခုတိုက်ခိုက်ခြင်းကြောင့် အပျက်အစီးနှင့် အသေအပျောက် သတင်းကို အတည်ပြုချက် မရယူနိုင်သေးဟု ဆိုသည်။ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနကမူ ယင်းကိစ္စအပေါ် တစ်စုံတစ်ရာ မှတ်ချက်ပေးရန် ငြင်း
ဆိုခဲ့ကြောင်း သိရှိရသည်။
Source: Xinhua
Planet Myanmar Network

No comments:

Post a Comment