Saturday, August 4, 2012

မြန်မာပြည်ကလေကြောင်းလိုင်းပိုင်ရှင်တွေ ဆင်းရဲလို့တဲ့

လာမည့်ခရီးသွားရာသီအတွက် ပြည်တွင်းလေကြောင်း လေယာဉ်

လက်မှတ်ခများ ဈေးမြင့်တက်


ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာလတွင် ပြည်တွင်း လေကြောင်း

လေယာဉ်လက်မှတ်ခများ၊ အထူးသဖြင့် နိုင်ငံခြားသားများ အတွက်

လေယာဉ် လက်မှတ်နှုန်းများ ၁၀ ရာခိုင်နှုန်းမြင့် တက် မည်ဟု လေကြောင်း

လိုင်းများမှ တာဝန်ရှိသူများက ပြောသည်။



ယခုနှစ် အောက်တိုဘာမှ နောက်နှစ် ဧပြီလအတွက် ရန်ကုန်-မန္တလေး

လေယာဉ်ခမှာ နိုင်ငံခြားသားများ အတွက် အမေရိကန် ၁၂၈ ဒေါ်လာ ဖြစ် ပြီး ယခုနှစ်နွေရာသီ မေလက လေယာဉ်ခ ဖြစ်သည့် ဒေါ်လာ ၁၁၀ ထက်

ပိုမိုမြင့် တက်လာခဲ့သည်။



ထို့အတူ ရန်ကုန်-ညောင်ဦး လေယာဉ်ခမှာ ၁၀၅ ဒေါ်လာ မှ ၁၂၀ သို့

လည်းကောင်း၊ ရန်ကုန်- စစ်တွေအတွက် ၁၂၁ ဒေါ်လာမှ ၁၃၉ ဒေါ်လာသို့

လည်းကောင်း မြင့်တက် သွားသည်။



ပြည်တွင်းခရီးသည်များအတွက် လေယာဉ်ခမှာမူ အနည်းငယ်သာအတက်

အကျရှိသည်ကို တွေ့ရသည်။



ယခုနှစ် အောက်တိုဘာလအတွက် ရန်ကုန်-မန္တလေး လေယာဉ်ခမှာ ကျပ် ၈၀,၀၀၀ ခန့်၊ ရန်ကုန်-ညောင်ဦးအတွက် ကျပ် ၆၇,၀၀၀ ခန့်ရှိသည်။



“ပြည်တွင်းခရီးသည်တွေအတွက် တော့ ဈေးနှုန်းမတက်ပါဘူး။ နွေရာသီက ဈေးပဲ ယူပါတယ်။ လေကြောင်းလိုင်းတွေ အပြိုင်ဈေး ကစားလို့ ဈေးနှုန်းလေး

တွေ ကျပ် တစ်ထောင်၊ နှစ်ထောင်လောက် ကွဲသွားတာပါ။



ခရီးသွားရာသီဖြစ်တဲ့ အောက်တိုဘာကနေဧပြီဆိုရင် လေယာဉ်လက်မှတ်ဈေး

အနည်းငယ်တက်ပြီး ခရီးသွားနည်းတဲ့ မေလကနေ စက်တင်ဘာ လဆိုရင်

ဈေးချလိုက်ပါတယ်။ဒါက ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ”ဟု ပြည်တွင်း လေကြောင်းလိုင်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။



သို့သော် ယခုနှစ် ဧည့်ပါးရာသီဖြစ် သည့် မေလမှ စက်တင်ဘာလအတွင်း

လေယာဉ်လက်မှတ်ခမှာ ယခင်နှစ် ခရီးသွားရာသီဖြစ်သည့် အောက်တိုဘာ လမှ ဧပြီလအတွင်း လေယာဉ်လက်မှတ် ခများထက် မြင့်တက်နေသည်။



ယခု နှစ်ပွင့်လင်းရာသီလက်မှတ်ခများမှာ ယခင်နှစ်ပွင့်လင်းရာသီကထက် ၃၀ ရာခိုင်နှုန်း ပိုတိုးလာသည်ဟု ခရီးသွားလုပ်ငန်းရှင်များ က ပြောကြား
သည်။
“ခရီးသွားလုပ်ငန်းမှာ ဟိုတယ်ခတွေ ၊တခြားကဏ္ဍတွေရဲ့ နှုန်းတွေကလည်း
မြင့်တက်လာတယ်။ အဲဒီထဲမှာ လေ ယာဉ်ခကလည်း တက်တယ်။ အခုလို အဘက်ဘက်ကတက်နေတော့ ခရီး သည်တွေ ဘယ်သူမှမလာချင်တော့ဘူး။
ခရီးသွားလုပ်ငန်းက ရှိသမျှဈေးနှုန်းတွေ ဒီလိုသာ ထိန်းမနိုင် သိမ်းမနိုင် တက်နေရင် တဖြည်းဖြည်းဆိုးသထက်ဆိုးလာန
ိုင်တယ်။
ဒါကြောင့် တာဝန်ရှိသူတွေ၊ ၀န်ကြီး ဌာနတွေပူးပေါင်းပြီး ဈေးနှုန်းတွေ
မြင့်တက်နေတဲ့ကိစ္စကို မြန်မြန်ထိထိ ရောက်ရောက် ဖြေရှင်းသင့်နေပြီ” ဟု ပတ္တမြားမြေခရီးသွားလုပ်ငန်းမှ မန်နေ ဂျင်းဒါရိုက်တာ ဦးအေးကျော်က ပြော ကြားသည်။
လေယာဉ်ခတက်ရခြင်းမှာလည်း လေယာဉ်ဆီဈေးမြင့်တက်မှု၊ မတည်ငြိမ် မှုကြောင့်လည်း ပါဝင်သည်ဟု လေ ကြောင်းလိုင်း အသိုင်း အ၀ိုင်းမှ သိရ သည်။
လေယာဉ်ဆီဈေးနှုန်းမှာ တစ် ဂါလန်လျှင် ကျပ်၂,၅၀၀ မှ ၄,၀၀၀၊ ကျပ် ၄,၀၀၀မှ ၃,၂၀၀ ၀န်းကျင် စသည်ဖြင့် အတက်အကျဖြစ်နေ သည်ဟု ဆိုသည်။
“လေယာဉ်ဆီမြင့်တက်လို့ လေယာဉ် လက်မှတ်တက်တယ်။ နောက်ပြီးတော့ လည်း ပွင့်လင်းရာသီမို့လို့ တက်နေကျ ဖြစ်တဲ့အတွက် ထပ်တက်တယ်။
ဒီလို မျိုးက လေကြောင်းလိုင်းတင်မဟုတ်ဘဲ အဘက်ဘက်ကတက်နေတော့ ခရီး သွားလုပ်ငန်းတွေက နိုင်ငံခြားသား ခရီးသည်တွေကို ခရီးစဉ်တောင်
မရောင်းရဲတော့ပါဘူး”ဟု Nature Dream ခရီးသွားလုပ်ငန်းမှ ဒါရိုက်တာ
ဒေါ်စံ ပယ်အောင် က ပြောသည်။
အဝေးပြေးယာဉ်လိုင်းများမှလည်း အဆင့်မြင့်ယာဉ်များဖြင့် ပြေးဆွဲလာ သည့်အတွက် တစ်ကိုယ်ရေ (FIT) ခရီးသည်များမှာ အဝေးပြေးယာဉ်လိုင်း များကို ပိုမိုရွေးချယ်စီးနင်းလာကြပြီ ဖြစ်သည်။
ရန်ကုန်-မန္တလေးအဝေးပြေးအဆင့် မြင့်ယာဉ်စီးခမှာ ကျပ် ၁၆,၀၀၀ ခန့်ဖြစ် ပြီး လေယာဉ်ခထက် ၁၅ ရာခိုင်နှုန်း သက်သာလျက် ရှိသည်။
ထို့ကြောင့် နိုင်ငံ ခြားသားများ အထူးသဖြင့် FIT ခရီးသည် များက
လေကြောင်းလိုင်းများထက် အဝေးပြေးကားများကို ပိုမိုရွေးချယ် စီးနင်းလာကြသည်ဟု ခရီးသွားလုပ်ငန်းများက ပြောသည်။

No comments:

Post a Comment