Saturday, August 4, 2012

ဆေးလိပ်သောက်တဲ့လိပ်

 


တရုတ်နိုင်ငံ အရှေမြောက်ပိုင်း Jilin ခရိုင်မှာ ဆေးလိပ်သောက်တဲ့ လိပ် ဆိုတာရှိတယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ထိုလိပ်ကတော့ လူတစ်ယောက်မွေးထားတဲ့လိပ်ဖြစ်ပါတယ်။ ထိုလူရဲ့ အိမ်ခေါ်နာမည်ကတော့ Yun ဖြစ်ပါတယ်။ သူကိုယ်တိုင်ကဆေးလိပ်သောက်တ
ဲ့ လူတစ်ယောက်ဖြစ်ပါတယ်လို့ စင်ဝှား သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ တနေ့တော့ Yun ဟာ စီးကရက်ကို လိပ်ရဲ့ ပါးစပ်ထဲကို ထိုးထဲ့ စမ်းသပ်ကြည့်ပါတယ်။ အဲ့ဒီကအပြုလိုက်တာကနေ အံ့သြလောက်အေ
ာင်ကို လိပ်ကနေ ဆေးလိပ်သောက်လာတဲ့အထိပါဘဲ။ စင့်ဝှားသတင်းဌာနကတော့ Yun ဟာ သူ့ရဲ့လိပ်ကို အမြဲတမ်းဆေးလိပ် ပေးတိုက်ခဲ့တယ်လို့ဆိုပါတယ်။ Yun က ကျွန်တော်ဆေးလိပ်သောက်တဲ့အချိန်တိုင်းမှာဆိုရင် သူရေထဲက ခေါင်းထွက်လာပြီး 
ဂဏာမငြိမ်ဖြစ်တော့တာဘဲ နောက်ဆုံး ဆေးလိပ်ပေးမှတိုက်လိုက်မှငြိမ်သွားတယ်လို့ဆိုပါတယ်။ Yun ဟာ သတင်းထောက်တွေနဲ့ အိမ်နီးခြင်းတွေ အားလုံးရဲ့ရှေ့မှာ လိပ်ရဲ့ ပါးစပ်ထဲကို ဆေးလိပ်ထိုးထည့်ပြီး သူမွေးထားတဲ့လိပ်ဟာ အမှန်တကယ် ဆေးလိပ်သောက် တတ်ကြောင်း သက်သေပြခဲ့ပါတယ်။ အားလုံးအံ့သြခဲ့ရတာတော့ ထိုလိပ်ကလေးဟာ ဆေးလိပ်ကို ၄ မိနစ်အတွင်းမှာ ကုန်အောင်သောက်နိုင်ခဲ့လို့ဘဲဖြစ်ပါတယ်။ လူတွေက ထိုကဲ့သို့ပင် မျောက်များကို ဆေးလိပ်သောက်တတ်အောင် သင်ပေးခဲ့ပါတယ်လို့ သားရဲတိရိစ္ဆာန် ထိန်းသိမ်းစောင့်လျှောက်ရေးအဖွဲ့မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ် ဒါပေမဲ့ လိပ်ကနေ ဆေးလိပ်သောက်တတ်တယ်ဆိုတာတော့ သူတခါမှ မကြားခဲ့ဖူးဘူးလို့ စင့်ဝှားသတင်းဌာနကို ပြောခဲ့ပါတယ်။

No comments:

Post a Comment