Saturday, August 4, 2012

ပူတာအိုနှင့် မချမ်းဘောတွင် ဆန်ပြတ်လပ်နေ၍ ဒေသခံတချို့ဆန်ပြုတ်သောက်နေရ



ကချင်ပြည်နယ် မြောက်ဖျားပိုင်း ပူတာအိုနှင့် မချမ်းဘော မြို့နယ်တွေမှာ ယမန်နှစ်ကဆန်စပါး အထွက် နည်းခဲ့ပါတယ်။ ဒါကြောင့်မြို့နယ်နဲ့ ကျေးရွာတွေမှာ ဆန်ပြတ်လပ်မှုနှင့် ကြုံတွေ့နေရတဲ့အကြောင်း ပူတာအို မြို့ခံများက ပြောပါတယ်။ ပူတာအိုနဲ့ မချမ်းဘောတို့မှာ နှစ်စဉ်ဆန်ပြတ်လပ်မှုဖြစ်လေ့ရှိတတ်ပေမဲ့ ဒီနှစ် မှာတော့ပိုပြီး ပြတ်လတ်မှုနဲ့ကြုံတွေ့နေကြရပါတယ်။
ဒါကြောင့် ဆန်ဈေးမြင့်တက်နေပြီး ဆီနဲ့ဆားဈေးနှုန်းတွေ လည်းမြင့်တက်နေတဲ့ အကြောင်းဒေသခံများ ကပြောပါတယ်။ 
“ဒီနှစ်က လမ်းပန်းဆက်သွယ်ရေး မကောင်းလို့လေ။ ဆန်အထွက်ကနည်း၊ လူက ပိုပိုပြီး များလာ ပြီးတော့ ဒီက ထွက်တာ မလုံလောက်ဘူးပေါ့။ ဆန်အထွက် နည်းတာက ရာသီဥတုအပြောင်း အလဲကြောင့် ဖြစ်တယ်။ ဒီနှစ် အဆိုးဆုံးပဲ။ အရင်တုန်းကလည်း ဆန်နှစ်ဗူးကို ၁,ဝဝဝ လောက် တနှစ်ရှိဖူးတယ်။ ဒါပေမယ့် လူ ဒီလောက်မရှိတော့ ကာလအတိုမှာပဲဖြစ်သွားတယ်။ဒီနှစ်မှာပိုဆိုးတာက ကားလမ်းတွေကို KIA တပ်တွေက ဖျက်ထားတော့ သွားလာမှုပိုခက်သွားတာကြောင့်လဲ ဈေးနှုန်း ပိုကြီးသွားရတာပါ``လို့ပူတာအိုမြို့ခံတစ်ဦးဖြစ်တဲ့ ကိုအားလယ် က ပြောပြပါတယ်။
တစ်ချို့နေရာတွေမှာဆိုရင် မနက်ပိုင်းမှာ ထမင်းနည်းနည်းပါးပါးစား။ ညနေပိုင်းကျတော့ ဆန်ပြုတ် ရည်ပဲ သောက်နေ ရပါတယ်။ ပူတာအိုက ရွာတချို့အိမ်တွေမှာလည်း ဆန်တော်တော် ရှားနေတယ်။ ခုရောင်းတဲ့ လူတွေက ဆန်ပေါ်တဲ့ အချိန်မှာတုန်းကဝယ်ထားတဲ့လူတွေနည်းနည်းပါးပါးရောင်းတယ်။ အဲဒါလေးကိုဝေစားမျှစားလုပ်ကြရတဲ့ အကြောင်းကိုလည်း သူကဆက်ပြောပြပါတယ်။ ပူတာအို မြို့မှာ မြစ်ကြီးနားမြို့နဲ့ လေကြောင်းခရီးဖြင့်သာ အဓိကထား၍ သယ်ယူပို့ဆောင်ရပါတယ်။ ခုချိန် မှာတော့ မော်တော်ကားနဲ့သွားလာဖို့ ခက်ခဲသလိုKIA နဲ့ အစိုးရတပ်တွေ တိုက်ပွဲ ဖြစ်ပွားနေလို့ လမ်းပန်း ဆက်သွယ်ရေး ပိုမိုခက်ခဲနေခြင်း ဖြစ်ပါတယ်။

No comments:

Post a Comment