Friday, September 7, 2012

ဇွဲကပင် ယူနိုက်တက် အသင်း ပိုင်ရှင် မွေးနေ့ အထိမ်း အမှတ် မော်တော်ယာဉ် လှူဒါန်း




MNL ပြိုင်ပွဲဝင် ဇွဲကပင် ယူနိုက်တက် အသင်းပိုင်ရှင် ဌေးမိသားစု ကုမ္ပဏီ လီမိတက်နှင့် ဆင်လေးကောင် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးလှဌေးနှင့် ဇနီး ဒေါ်ယဉ်ယဉ်လှ မိသားစု၏ ယာဉ်ဒါန ကုသိုလ် အလှူတော် မင်္ဂလာကို စက်တင်ဘာ ၎
ရက် က ရန်ကုန် တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်ဆန်းမြို့ရှိ မိုးကုတ် ဝိပဿနာ ဓမ္မရိပ်သာ အဖွဲ့ခွဲ တောရ တပ်ဦး ကျောင်းတိုက်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အလှူရှင် ဒေါ်ယဉ်ယဉ်လှ၏ ၄၄ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် ငွေကျပ်သိန်း ၅ဝဝ တန်ဖိုးရှိ LANDCRUISERအမျိုးအစား ယာဉ် အလှူတော်ကို မိုးကုတ် ဝိပဿနာ ဓမ္မရိပ်သာ အဖွဲ့ချုပ် နာယက အင်းစိန်မြို့နယ် အောင်ဆန်းမြို့ မိုးကုတ် ဝိပဿနာ ဓမ္မရိပ်သာ အဖွဲ့ခွဲနှင့် သထုံမြို့ အောင်ဆန်း မိုးကုတ်ရိပ်သာခွဲ နန္ဒဝန် ကျောင်းတိုက်တို့၏ ဦးစီးပဓာန မဟာနာယက ပြည်တွင်း၊ ပြည်ပ ကမ္ဘာ့ဗုဒ္ဓ သာသနာပြု ကျေးဇူးရှင်  အောင်ဆန်း ဆရာတော် ဘဒ္ဒန္တ သဒ္ဓမ္မ ကိတ္တိသာရ (မဟာကမ္မဋ္ဌာ နာစရိယ၊ အဂ္ဂမဟာ ကမ္မဋ္ဌာ နာစရိယ)ထံ အလှူရှင် ဦးလှဌေးနှင့် ဇနီး ဒေါ်ယဉ်ယဉ်လှ မိသားစုက လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ လှူဒါန်းပွဲသို့ ရန်ကုန် Southernနှင့် မနောမြေ အသင်းတို့မှ တာဝန်ရှိသူများနှင့် အားက စားသမားများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
From: Myawady

No comments:

Post a Comment