Friday, September 7, 2012

မြစ်ကြီးနား-မန္တလေးရထားလမ်းယမန်နေ့ည ၇ ရီခန့်က KIA သောင်းကျန်းအဖွဲ့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

 

 
ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့သည် ကချင် ပြည်နယ်အတွင်း အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၆ ရက် ည ၇ နာရီက မော်ဟန်နှင့်
မိုးညှင်းဘူတာကြားရှိ တံတား အမှတ် (၅၅၅)ကို မိုင်းခွဲ ဖျက်ဆီးခဲ့သဖြင့် ရထားသံလမ်း ၄ ပေခန့် ပြတ်တောက်သွားခဲ့သည်။ ရထားလမ်း အမြန်ဆုံး ပြုပြင်ပြီးစီး ရေး အတွက် မြန်မာ့ မီးရထားဝန်ထမ်းများက ပူးပေါင်းပြင်ဆင်လျက် ရှိသည်။ ၂၀၁၁ ခုနှစ် ဇွန်လမှ ယနေ့အထိ ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများ မိုင်းထောင် ဖောက်ခွဲမှုကြောင့် နန့်စီအောင် - မြစ်ကြီးနား မီးရထားလမ်းတွင် မိုင်း ၅၂ ကြိမ် ပေါက်ကွဲခဲ့ပြီး ဖြစ်သည်။

ကေအိုင်အေတို့၏ မိုင်းထောင် ဖောက်ခွဲမှုကြောင့် မန္တလေးမှ မြစ်ကြီးနားသို့ ပြေးဆွဲသော မီးရထားများ ရပ်တန့် လျက်ရှိပြီး ဒေသခံပြည်သူများ၏ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး လုပ်ငန်းများကို များစွာ ထိခိုက်စေသဖြင့် ပြည်သူများက ကေအိုင်အေ အဖွဲ့၏ အကြမ်းဖက် လုပ်ရပ်များ အပေါ် ရွံရှာမုန်းတီးလျက် ရှိကြောင်း သတင်း ရရှိပါသည်။












No comments:

Post a Comment