Friday, September 7, 2012

နှင်းဆီဂါ ဝန်ဖြင့် လိုက်ဖက် လှတဲ့ ကီးရာနိုက် တလေ


 

ဟောလီးဝုဒ် မင်းသမီးချော ကီးရာနိုက် တလေသည် "Anna Karenina"  ဇာတ်ကား ပွဲဦးထွက် အခမ်း အနား တွင် အရောင် အသွေး စုံလင်သည့် ဝတ်စုံဖြင့် တက်ရောက် လာခဲ့ရာ အခမ်းအနား တက်ရောက်လာ သူများ   အံ့သြလောက် အောင်ပင် လှပလျက် ရှိကြောင်း သိရသည်။
 
ဗြိတိသျှ သရုပ်ဆောင် တစ်ဦးဖြစ်သည့် ကီးရာ နိုက်တလေ သည်ယင်း အခမ်း အနား၌ ဦးခေါင်းမှ ခြေဖျားအထိ နှင်းဆီများ ဖြင့် တန်ဆာဆင် ထားသော ဂါဝန်ကို လှပစွာ ဝတ်ဆင်ခဲ့သည်။
 
အဆိုပါ နှင်းဆီ ဂါဝန်ကို Chanel ဖက်ရှင် ကုမ္ပဏီမှ ဖန်တီး ပေးထားခြင်း ဖြစ်သည်။ အဆိုပါ နှင်းဆီ ဂါဝန်သည် "Anna Karenina"ဇာတ်ကားနှင့် အလွန် လိုက်ဖက်ကြောင်း၊ ယင်း ဇာတ်ကား သည် လီ ယိုတော့ စတွိုင်း ရေးဖွဲ့ခဲ့ သော ရုရှားအချစ် ဇာတ်လမ်း တစ်ပုဒ်ကို ရိုက်ကူး ထားခြင်းဖြစ် ကြောင်း သိရ သည်။
 
ယင်းအခမ်း အနား၌ ကီးရာ နိုက်တ လေသည် သူမသရုပ် ဆောင်ခဲ့သည့် Anna   ဇာတ်ကောင်နှင့် ပတ်သက် သော အကြောင်း အရာများနှင့် အတွေ့ အကြုံများကို ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရသည်။         
 

No comments:

Post a Comment