Friday, September 7, 2012

တနိုင်း - ၀မ်းပလာ - ဒလူး သို့ပြေးဆွဲလျှက်ရှိသော စက်လှေများအား KIA မှဆက်ကြေး အဓမ္မ ကောက်ခံ



ကေအိုင်အို ဒိုက်ဖားမြို့နယ် အုပ်ချုပ်ရေးရုံး ဒလူးမှ မြို့နယ်မှူး လဂျာ သည် သြဂုတ်လ နောက်ဆုံးပတ်မှ စတင်ပြီး တနိုင်း - ၀မ်းပလာ - ဒလူး သို့ပြေးဆွဲနေသော စက်လှေများအား တပ်မဟာ (၂) ကေအိုင်အို စီးပွား ရေးဌာနအတွက် (၂၀၁၂ / ၂၀၁၃) ခုနှစ် ဆက်ကြေးငွေ အဖြစ် စက်လှေတစ်စီးလျှင် ငွေ (၁) သိန်းကျပ်နှုန်းနှင့် ရင်း (၁၄) ရံပုံငွေအဖြစ် စက်လှေ တစ်စီးလျှင် တစ်နှစ်စာ ငွေ (၆၅၀၀၀) ကျပ်နှုန်းဖြင့် အဓမ္မကောက်ခံ နေတယ်လို့ စက်လှေသမားတစ်ဦးမှ ပြောကြား ခဲ့ပါတယ်။

“ ဒါတင်မကသေးဘူး တုံမဏီဂိတ် မှာလည်း KIA က ဗိုလ်ကြီး လတောင် နဲ့အဖွဲ့ဝင် (၁၀) ဦးလောက်က အဲ့ဒီ နယ်မြေ အတွင်း မှာ နေ့စဉ်ဝင်တဲ့စက်လှေတွေကို ဂိတ်ကြေးအဖြစ် ငွေ (၁၀၀၀၀) ကျပ် နဲ့ ကမ်းကပ်ခွန် အဖြစ်ငွေ (၁၀၀၀၀) ကျပ် စုစုပေါင်း (၂၀၀၀၀) ကျပ် ကောက်ခံနေတာတွေ့ရတယ်ဗျာ၊ ကျွန်တော်တို့လဲ တော်တော်စိတ်ညစ်နေပြီ။ ကျွန်တော်တို့က မှောင်ခိုကူးတာလဲ မဟုတ်ဘူး။ ရိုးရိုးသားသား လုပ်စားနေတာပါ။ သူတို့မှာ လက်နက်ရှိတယ်ဆိုပြီးတော့ အနိုင်ကျင့်တာဗျ။ KIA ကငြိမ်းချမ်းရေးယူရင်ယူ၊ မယူရင် လည်း အမြစ်ပြုတ်သာ တိုက်ပါတော့ဗျာ။ ကျွန်တော်တို့မှာ တစ်နေ့တစ်နေ့ စိုးရိမ် စိတ်တွေနဲ့ပဲ ရှင်သန်နေ ရတာ။ ဘယ်တော့ငါ့ကို လူသစ်စုမလဲ၊ ဘယ်တော့ငါ့လှေကို ပစ်မလဲ ၊ ငါဘယ်နားမှာ မိုင်းနင်း မိမလဲဆိုပြီး တော့လေ။ KIA မရှိမှပဲ ကျွန်တော်တို့တွေ စိတ်ချမ်း ချမ်းသာသာနဲ့ ကိုယ်ရှာလို့ရတာ ကိုယ်စားရတော့မယ်။ ခုတော့ သူတို့ကိုပဲ ရှာကျွေးနေရသလို ဖြစ်နေပြီဗျာ ” လို့ စက်လှေသမားတစ်ဦးမှ စိတ်ပျက်လက်ပျက် ပြောကြားခဲ့ပါတယ်။
အဲ့ဒီလိုဘဲ KIA ရဲ့ မတရားဖိနှိပ်မှုကို ခံနေရတဲ့ ဒဂါးကျေးရွာ က စက်လှေပိုင်ရှင်တွေကလည်း သူတို့ရဲ့ စက်လှေတွေကို တစ်စီး (၁) သောင်းကျပ် ကောက်လို့ ကြေနပ်မှုမရှိဘူးလို့လည်း သိရပါတယ်။

From: Kachinnews

No comments:

Post a Comment