Friday, September 7, 2012

ဒေါ်အောင်ဆန်းစုကြည်ဆီက နိုဗဲလ်ဆု ပြန်သိမ်းသင့်သလား?

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဗဲလ်ငြိမ်းချမ်းရေး
ဆု ပြန်ရုပ်သိမ်းသင့်သလား  လို့ ပညာရှင်
တယောက်က အမေရိကန်အခြေစိုက်
အွန်လိုင်းသတင်းစာ huffingtonpost.com

 မှာ ဗုဒ္ဓဟူးနေ့က ဆောင်းပါးရေးပြီး
 မေးခွန်းထုတ်ထားပါတယ်။


သူကတော့ အာဇင်အီဘရာဟင် ဖြစ်ပါတယ်။ ကိန်းဘရစ်တက္ကသိုလ်က PhD ဘွဲ့ရ ပုဂ္ဂိုလ်ပါ။


(ရခိုင်ဒေသမှာ) ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ရပ်သွားအောင် လုပ်ဖို့ ဆိုတာ မြန်မာပြည်တွင်းမှာ အရေးယူဆောင်ရွက်မှ ဖြစ်မယ်၊

Human Rights Watch, ကုလသမဂ္ဂ နဲ့ အကူအညီပေးရေးအဖွဲ့ကြီးတွေ ပြောဆိုနေတဲ့ကြားက ရိုဟင်ဂျာတွေဟာ နယ်စပ်ဒေသမှာ (ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ နှစ်နိုင်ငံလုံးမှာ) အကြီးအကျယ် ဒုက္ခရောက်နေကြတယ်၊

ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း နိုင်ငံမဲ့ဒုက္ခသည်တွေဆီကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကို မရောက်အောင် ပိတ်ပင်တားဆီးနေတယ်

ရိုဟင်ဂျာတွေရဲ့အခက်အခဲနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဆီက အသံတိတ်နေတယ် စသဖြင့် သူက ရေးထားပါတယ်။ (သူ့ဆောင်းပါးအပြည့်အစုံကို ဒီစာစု အောက်ဆုံးမှာ ဖတ်နိုင်ပါတယ်)

ဒီဆောင်းပါးမှာ အဓိက အကြောင်းအရာက ဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာအရေး ၀င်ရောက်ပြောဆိုဖို့ တိုက်တွန်းတယ် ဆိုတာပါပဲ။ ဒီအရေးနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးရအောင် ဒေါ်အောင်ဆန်းစုကြည် မလုပ်နိုင်ရင် ပေးထားတဲ့ နိုဗဲလ်ငြိမ်းချမ်းရေးဆု ပြန်ရုပ်သိမ်းသင့်တယ်လို့ ဆိုလိုပါတယ်။

စာဖတ်သူအများအပြားက ဒီဆောင်းပါးကို မှတ်ချက်တွေ တပြုံတခေါင်းကြီး ပေးနေကြပါတယ်။ အဲဒီထဲက myintwinthein ဆိုသူရဲ့ မှတ်ချက်က စိတ်ဝင်စားစရာကောင်းပါတယ် -

ဒီပဋိပက္ခနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ် တဲ့။
"ပြဿနာရဲ့ ရင်းမြစ်က ဥပဒေစိုးမိုးမှုမရှိတာပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့ပြီးပါပြီ" လို့ ဆိုပါတယ်။
"ဒီဆောင်းပါးရှင်ရဲ့ ဒေါက်တာဘွဲ့ PhD ကို ပြန်ရုပ်သိမ်းသင့်သလား" လို့လည်း သူက မှတ်ချက်ချလိုက်ပါတယ်။



(ဧရာဝတီ)

No comments:

Post a Comment