Friday, September 7, 2012

မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာ နှင့် ကာဒူကျေးရွာကြား တွင်တိုက်ပွဲ KIA အရာရှိ ၄ ဦးအပါအ၀င် ၂၀ ယောက်ကျော်ကျဆုံး


 
မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာနဲ့ ကာဒူကျေးရွာကြားက တံတားအမှတ် (၅၅၅) အနီးမှာ KIAနဲ့ အစိုးရတပ် တွေ စက်တင်ဘာ(၆) ရက်နေ့ ညနေ (၆) နာရီလောက်ကစပြီး တိုက်ပွဲ ဖြစ်ပွားခဲ့တာ နာရီဝက် လောက် ကြာတယ် လို့ ဒေသခံ တစ်ဦးက ပြောကြားခဲ့ပါတယ်။
 
 
 ကျွန်တော်တို့ ညနေစာ စားမလို့လုပ်နေတုန်း (၆) နာရီလောက်မှာ ရထားလမ်းဘက်နေသေနတ်သံ တွေ စကြားရ တာ ပဲ၊ တော်တော်ကြာတယ်ဗျ၊ နာရီဝက်နီးပါးလောက်ကြာတော့ အသံတွေ တိတ်သွားတယ်၊ ကျွန်တော်တို့လည်း သွားမကြည့် ရဲဘူး၊ ဒီနေ့မနက်မှ ပြောသံကြားတာကတော့ KIA ဘက်ကတော်တော် အထိနာသွားတယ်လို့ ပြောတယ်။ KIA အရာရှိ ၄ ယောက်နဲ့ စစ်သား ၁၉ ယောက်လောက် ကျသွာားတယ်လို့ ဗမာစစ်သားတွေ ပြောသံကြာရပါတယ်၊ KIA ဘက်ကဆုတ်သွားတော့ ထမ်းစဉ်တွေနဲ့ လူ ၁၂ ယောက်လောက်သယ်သွားတာ တွေ့လိုက်ရတယ်လို့ လဲ မျက်မြင်တွေ့လိုက်ရတဲ့ ရွာသားအချို့က ပြောပါတယ်။ ရထားလမ်းကို လုံခြုံရေး ယူထားတဲ့ အစိုးရတပ်ကတော့ သေတာပျောက်တာ မရှိ ဘူး” လို့ပြောပါတယ်။
 
အခုလို တိုက်ပွဲကြောင့် မန္တလေးဘက်မှ လာတဲ့ရထားရော မြစ်ကြီးဘက်က လာတဲ့ရထားရော ရောက်တဲ့ နေရာမှာ ရပ် ထား တယ်လို့ သိရပါတယ်။

From: Kachinnews
 

No comments:

Post a Comment