2014 ပြိုင်ပွဲ၏ ခြေစစ်ပွဲအုပ်စု(က)နောက်ဆုံးပွဲစဉ်တွင် အိမ်ရှင်မြန်မာအသင်းသည် အိန္ဒိယအသင်းအား(၁-၀)ဂိုးဖြင့်နိုင်
2014 ပြိုင်ပွဲ၏ ခြေစစ်ပွဲအုပ်စု(က)နောက်ဆုံးပွဲစဉ်တွင် အိမ်ရှင်မြန်မာအသင်းသည် အိန္ဒိယအသင်းအား(၁-၀)ဂိုးဖြင့် အနိုင်ယူကာ သုံးပွဲကစား၊နှစ်ပွဲနိုင်၊တစ်ပွဲသရေ၊ ရမှတ်(၇)မှတ်ဖြင့် အုပ်စုပထမနေရာရရှိကာ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်သွားပြီဖြစ်သည်။
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် အခြားခြေစစ်ပွဲအုပ်စု(၄)ခုမှ အုပ်စုပထမရသည့် အသင်း(၄)သင်း၊ အကောင်းဆုံးအုပ်စု ဒုတိယရသည့် အသင်း(၂)သင်းနှင့်အိမ်ရှင်မော်လဒိုက် စုစုပေါင်းအသင်း(၈)သင်းဖြင့် ၂၀၁၄ ခုနှစ်တွင်ံကျင်းပမည့် AFC Challenge Cup နောက်ဆုံးအဆင့်ပွဲစဉ်များသို့ တက်ရောက် ယှဉ်ပြိုင် ခွင့်ရရှိသွားပြီဖြစ်သည်။
အဆိုပါပြိုင်ပွဲ၏ ၂၀၁၂ ချန်ပီယံမြောက်ကိုရီးယားအသင်းနှင့်အတူ လာမည့် ၂၀၁၄ ပြိုင်ပွဲတွင် ဗိုလ်စွဲမည့် အသင်းသည် ၂၀၁၅ အာရှဖလားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။
7Day News Journal
No comments:
Post a Comment