Wednesday, March 6, 2013

တစ်ကမ္ဘာလုံး စောင့်ကြည့်တဲ့ပွဲမှာ ရှုံးခဲ့ရတဲ့ မန်ယူ

တစ်ကမ္ဘာလုံး စောင့်ကြည့်တဲ့ပွဲမှာ ရှုံးခဲ့ရတဲ့ မန်ယူ
Wednesday, March 6, 2013

၂၀၀၅ခုနှစ်နောက်ပိုင်း အိုးလ်ထရက်ဖို့ဒ် ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်တွေ မရှုံးခဲ့တဲ့ မန်ယူဟာ ရော်နယ်ဒိုရဲ့သွင်းဂိုးကြောင့်ကွာတားဖိုင်နယ်နဲ့
ဝေးကွာခဲ့ရပြီး သူတို့ရဲ့ ဖလား၃လုံး အိပ်မက်လည်း ပျက်ပြယ်ခဲ့ရပါတယ်။ ဖာဂူဆန်ဟာ အခုပွဲစဉ်မှာ ရွန်နီကို ပွဲထွက်စာရင်းမှာ မထည့်သွင်းခဲ့ဘဲ ဗန်ပါစီ၊ ၀ဲလ်ဘက် တိုက်စစ်အတွဲနဲ့ ပွဲထွက်လာခဲ့ပြီး အလွန်ဆို တိုက်စစ်လိုက်ပါခွင့် မရအောင် ၀ဲလ်ဘက်နဲ့ ထောက်ကစား သွားခဲ့ပါတယ်။

ပထမပိုင်းမှာ မန်ယူတို့ ရီးရဲလ်ကို ဖိအားပေးနိုင်ခဲ့ပြီး ဗန်ပါစီ၊ ၀ဲလ်ဘက်တို့ရဲ့ ကန်ချက်တွေကို လိုပက်ဇ် ပုတ်ထုတ်နိုင်ခဲ့သလို ဗီဒစ်ရဲ့ခေါင်းတိုက်ချက် တိုင်ထိထွက်ခဲ့ရာမှာ ၀ဲလ်ဘက်ထပ်ဆင့် ကန်သွင်းပေမယ့် ၅ကိုက်အကွာက ပိတ်သွင်းမှုဟာ ဂိုးမဖြစ်ခဲ့ပါဘူး။ အခုပွဲမှာ ရီးရဲလ်ကို ကယ်တင်ခဲ့တာ ဂိုးသမား လိုပက်ဇ်ဖြစ်ပြီး အကောင်းဆုံး လက်စွမ်းပြသွားနိုင်ခဲ့ပါတယ်။ ဒီ၂သင်း တွေ့ဆုံတဲ့ နောက်ဆုံး ၇ပွဲမှာ ဂိုးတွေသွင်းနိုင်ခဲ့ပြီး ခုပွဲဟာ ပထမပိုင်း (၀-၀)နဲ့ ပွဲပြီးခဲ့ တဲ့ ပထမဆုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ၃မိနစ်အကြာမှာ ဗန်ပါစီရဲ့ကန်ချက် ပြန်ထွက်လာတာက
တစ်ဆင့် နာနီ အနိမ့်ဘောပေးပို့ရာမှာ ရာမို့စ် ကိုယ့်ဂိုးကိုယ်သွင်းမိလို့ မန်ယူတို့ အဖွင့်ဂိုး ရခဲ့ပါတယ်။ အဲ့ဒီနောက်မှာ နာနီ အနီကတ်ပြခံခဲ့ရတာက မန်ယူအတွက် ကံဆိုးမှုအစဖြစ်ပြီး ရီးရဲလ်အတွက် ချေပဂိုးကိုတော့ မိုဒရစ်က ဧရိယာထိပ် ကန်ချက်နဲ့ လှလှပပသွင်းယူပေး ခဲ့တာဖြစ်ပါတယ်။

ကစားသမားတစ်ယောက် အသာရသွားတဲ့ ရီးရဲလ်ဟာ မန်ယူအပေါ် တိုက်စစ်ဆင်လာခဲ့ပြီး ဒုတိယဂိုးကိုတော့ ပွဲချိန် ၆၉မိနစ်မှာ ဟီဂူအင်ရဲ့ ညာတောင်ပံ အနိမ့်ဘောကန်ချက်ကို ရော်နယ်ဒိုက ပြေးဝင် ပိတ်သွင်း
သွားခဲ့တာပါ။

နာနီကို တိုက်ရိုက်အနီမပြသင့်ဘဲ ပြခဲ့တဲ့ ကွင်းလယ်ဒိုင် ဆာကာဟာ ၀ဲလ်ဘက်ရဲ့ကန်ချက် ရာမို့စ် လက်နဲ့ထိခဲ့ပေမယ့် ပင်နယ်တီ ပေးဖို့
ငြင်းဆန်ခဲ့ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်တွေကြောင့်လည်း မန်ယူတို့ နစ်နာခဲ့ရပါတယ်။ အဲ့ဒီနောက်မှာ နှစ်ဘက်အသင်း ဂိုးသမားတွေ လက်စွမ်းပြခဲ့လို့ (၁-၂)နဲ့ ပွဲသိမ်းခဲ့ရပါတယ်။

YoYarLay
၂၀၀၅ခုနှစ်နောက်ပိုင်း အိုးလ်ထရက်ဖို့ဒ် ချန်ပီယံလိဂ် ရှုံးထွက် ပွဲစဉ်တွေ မရှုံးခဲ့တဲ့ မန်ယူဟာ ရော်နယ်ဒိုရဲ့သွင်းဂိုးကြောင့်ကွာတား ဖိုင်နယ်နဲ့ဝေးကွာခဲ့ရပြီး သူတို့ရဲ့ ဖလား၃လုံး အိပ်မက်လည်း ပျက်ပြယ် ခဲ့ရပါတယ်။ ဖာဂူဆန်ဟာ အခုပွဲစဉ်မှာ ရွန်နီကို ပွဲထွက်စာရင်းမှာ မထည့်သွင်းခဲ့ဘဲ ဗန်ပါစီ၊ ၀ဲလ်ဘက် တိုက်စစ်အတွဲနဲ့ ပွဲထွက်လာခဲ့ပြီး အလွန်ဆိုတိုက်စစ်လိုက်ပါခွင့်မရအောင် ၀ဲလ်ဘက်နဲ့ ထောက်ကစား သွားခဲ့ပါတယ်။

ပထမပိုင်းမှာ မန်ယူတို့ရီးရဲလ်ကိုဖိအားပေးနိုင်ခဲ့ပြီး ဗန်ပါစီ၊ ၀ဲလ်ဘက်တို့ရဲ့ကန်ချက်တွေကို လိုပက်ဇ် ပုတ်ထုတ်နိုင်ခဲ့သလို ဗီဒစ်ရဲ့ခေါင်းတိုက်ချက် တိုင်ထိထွက်ခဲ့ရာမှာ ၀ဲလ်ဘက်ထပ်ဆင့် ကန်သွင်းပေမယ့် ၅ကိုက်အကွာက ပိတ်သွင်းမှုဟာဂိုးမဖြစ်ခဲ့ပါဘူး။ အခုပွဲမှာ ရီးရဲလ်ကိုကယ်တင်ခဲ့တာ ဂိုးသမား လိုပက်ဇ်ဖြစ်ပြီး အကောင်းဆုံးလက်စွမ်းပြသွားနိုင်ခဲ့ပါတယ်။ ဒီ၂သင်း တွေ့ဆုံတဲ့ နောက်ဆုံး ၇ပွဲမှာ ဂိုးတွေသွင်းနိုင်ခဲ့ပြီး ခုပွဲဟာ ပထမပိုင်း (၀-၀)နဲ့ ပွဲပြီးခဲ့ တဲ့ ပထမဆုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ၃မိနစ်အကြာမှာ ဗန်ပါစီရဲ့ကန်ချက် ပြန်ထွက်လာတာကတစ်ဆင့် နာနီ အနိမ့်ဘောပေးပို့ရာမှာ ရာမို့စ် ကိုယ့်ဂိုးကိုယ်သွင်းမိလို့ မန်ယူတို့ အဖွင့်ဂိုး ရခဲ့ပါတယ်။ အဲ့ဒီနောက်မှာ နာနီ အနီကတ်ပြခံခဲ့ရတာက မန်ယူအတွက်ကံဆိုးမှုအစဖြစ်ပြီး ရီးရဲလ်အတွက် ချေပဂိုးကိုတော့ မိုဒရစ်က ဧရိယာထိပ်ကန်ချက်နဲ့ လှလှပပသွင်းယူပေး ခဲ့တာဖြစ်ပါတယ်။

ကစားသမားတစ်ယောက်အသာရသွားတဲ့ ရီးရဲလ်ဟာမန်ယူအပေါ် တိုက်စစ်ဆင်လာခဲ့ပြီး ဒုတိယဂိုး ကိုတော့ပွဲချိန် ၆၉မိနစ်မှာ ဟီဂူအင်ရဲ့ ညာတောင်ပံ အနိမ့်ဘောကန်ချက်ကို ရော်နယ်ဒိုက ပြေးဝင် ပိတ်သွင်း သွားခဲ့တာပါ။

နာနီကိုတိုက်ရိုက်အနီမပြသင့်ဘဲ ပြခဲ့တဲ့ ကွင်းလယ်ဒိုင် ဆာကာဟာ ၀ဲလ်ဘက်ရဲ့ကန်ချက် ရာမို့စ် လက်နဲ့ ထိခဲ့ပေမယ့် ပင်နယ်တီ ပေးဖို့ငြင်းဆန်ခဲ့ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်တွေကြောင့်လည်း မန်ယူတို့နစ်နာ ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာ နှစ်ဘက်အသင်း ဂိုးသမားတွေ လက်စွမ်းပြခဲ့လို့ (၁-၂)နဲ့ ပွဲသိမ်းခဲ့ရပါတယ်။

YoYarLay

No comments:

Post a Comment