Tuesday, March 12, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအားဆက်လက်ဆောင်ရွက်စေသင့် ကြောင်းရဲတပ်ဖွဲ့သည် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့သည်ဟု အပြီးသတ် အစီရင်ခံစာတွင် ဖော်ပြ



စုံစမ်းစစ်ဆေးရေး ကော်မရှင်၏စုံစမ်းစစ်ဆေးချက်များအရလက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အားနည်းချက်များရှိသော်လည်းထိုအားနည်းချက်များသည် ပြင်ဆင်နိုင်သည့် ကိစ္စများဖြစ်သောကြောင့် စီးပွားရေး၊လူမှုရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နိုင်ငံတကာဆက်ဆံရေးရှုထောင့်မျိုးစုံကို ခြုံငုံ စဉ်း စားပြီး ပြုပြင်ရန်အကြံပြုချက်များအားအကောင်အထည် ဖော်ဆောင်ရွက်စေလျက်လက်ပံတောင်းတောင် ကြေး နီစီမံကိန်းကို ဆက်လက် ဆောင်ရွက်စေသင့်ကြောင်း မတ်လ၁၂ရက်နေ့ ထုတ် နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြခဲ့သည့်စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင် အကြံပြု ခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်ခဲ့သည့်ကိစ္စ ရပ်များမှာ ဒေသခံ လူထုသည် မြေယာ သိမ်းဆည်းမှုနှင့်ပတ်သက်၍ ထိုက်သင့်သည့် လျော်ကြေးမရရှိခြင်း ထိုက်သင့်သော အလုပ်အကိုင် အခွင့် အလမ်းများမရရှိခြင်းတို့ကြောင့်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း မြေယာသိမ်းဆည်းရာတွင် သက်ဆိုင်ရာဝန်ထမ်းများက ပွင့်လင်းမြင်သာမှုမရှိခဲ့ခြင်းနှင့် ၀န်ထမ်းအချို့က ပြေပြေလည်လည် ပြောဆို ဆက်ဆံမှု မရှိခြင်းကြေင့် ပြဿနာများပိုမိုကြီးထွားလာခဲ့ကြောင်း၊ထိုအခြေအနေတွင် ဒေသပြင်ပအဖွဲ့ အစည်းများ ရောက်ရှိလာကာ ဆန္ဒပြမှုများအရှိန်မြင့်ခဲ့ကြောင်း ကော်မရှင်၏အစီရင်ခံစာ တွင်ဖော်ပြထား သည်။

လက်ပံတောင်းတောင် စီမံကိန်းအားဆန္ဒပြသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကဖြိုခွဲသည့် ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့သည် ဖော့စဖောရပ်ဓာတ်ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့ကြောင်း၊ မြန်မာနိုင်င ရဲတပ်ဖွဲ့ အနေဖြင့် ယင်းမီးခိုးဗုံးမျိုးကို ယာယီအဆောက်အအုံရှိသည့် နေရာမျိုးတွင် စမ်းသပ်ခဲ့ခြင်း မရှိသဖြင့် မီးခိုးဗုံး၏ အာနိသင်ကို သိရှိခြင်း မရှိကြောင်း၊ ထိုသို့ သိရှိခြင်း မရှိဘဲ သုံးစွဲမှုကြောင့် မမျှော်မှန်း မလိုလားအပ်သော မီးလောင်ဒဏ်ရာများရဟန်းသံဃာနှင့်လူပုဂ္ဂိုလ်အချို့တွင်ရရှိခဲ့ခြင်းဖြစ်ကြောင်း အပြီးသတ်အစီရင်ခံစာ တွင် ဖော်ပြထားသည်။

၂၀၁၂ခုနှစ် နိုဝင်ဘာလ၂၉ရက်နံနက်ကလက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အင်အားသုံး နှိမ်နင်းခဲ့ရာ သံဃာတော်အပါး ၉၀ ကျော်နှင့် လူပုဂ္ဂိုလ်အချို့ မီးလောင်ဒဏ်ရာများရရှိခဲ့ရာ လက်ရှိအချိန်ထိ ထိုင်းနိုင်ငံထိုင်းအစိုးရ ဆေးရုံတွင်သံဃာတစ်ပါး၊ စစ်ကိုင်း တိုင်း ဒေသ ကြီးရှိသီတဂူအာ ယုဒါန ဆေးရုံတွင် သံဃာတော် ခြောက်ပါးနှင့် မုံရွာ ဇောတိကရာမ ကျောင်း တိုက်တွင် ဆေးလိမ်း ဆေးသောက် ကုသမှု ခံယူလျက်ရှိသည့် သံဃာတော် ၈၇ ပါး ကျန်ရှိနေသေးကြောင်း ဒဏ်ရာရ သံဃာတော် စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင်သံဃာ ဆရာတော် ဦးဝိမလက မတ်လ ၁၁ ရက်ည ပိုင်းက မိန့်ကြားခဲ့သည်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစားအား နိုင်ငံတော်သမ္မတထံ မတ်လ ၁၁ ရက်နေ့ ညနေပိုင်းက တင်သွင်းခဲ့ပြီးယင်းအစီရင်ခံစာအားအကောင်အထည်ဖော် ဆောင်ရွက် ရန် ကော်မတီတစ်ရပ်ကို နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ် ၂၈/၂၀၁၃ ဖြင့် ဖွဲ့စည်းပေးခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို အကောင် အထည်ဖော် ဆောင်ရွက်မည့် ကော်မတီအားအဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ရာ မြန်မာဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့မှ တာဝန်ရှိသူများ ပါဝင်ခဲ့ကြောင်းလည်း သိရသည်။

Eleven Media Group

No comments:

Post a Comment