Tuesday, March 12, 2013

တယ်လီဖုန်းဆင်းကတ်များကို ကျပ်နှစ်သောင်းဖြင့်ရောင်းချမည် ဟုမပြောခဲ့ကြောင်းနှင့် ယင်းထက်ပင်များစွာ ဈေးချိုမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း ပြောကြား

Photo: တယ်လီဖုန်းဆင်းကတ်များကို ကျပ်နှစ်သောင်းဖြင့်ရောင်းချမည် ဟုမပြောခဲ့ကြောင်းနှင့် ယင်းထက်ပင်များစွာ ဈေးချိုမည်ဖြစ်ကြောင်း
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း ပြောကြား
Tuesday, March 12, 2013

တယ်လီဖုန်းဆင်းကတ်များအား ဧပြီ ၁ရက်မှစ၍ ကျပ်ငွေနှစ်သောင်းဖြင့်
ရောင်းချမည်ဟုမိမိပြောကြားခဲ့သည်ဟု သတင်းဂျာနယ်အချို့တွင်
ဖော်ပြနေခြင်းများမှာ မဟုတ်မှန်ကြောင်း ပြည်ထောင်စုဝန်ကြီး 
ဦးစိုးသိမ်းကပြောသည်။

ရန်ကုန်မီဒီယာက ပြည်ထောင်စုဝန်ကြီးနှင့်ဆက်သွယ်မေးမြန်းရာတွင် ဦးစိုးသိမ်းက အထက်ပါအတိုင်းငြင်းဆိုလိုက်ခြင်းဖြစ်သည်။
`ကျွန်တော်အဲသလိုလုံးဝပြောကြားခြင်းမရှိပါဘူး။ဧပြီ ၁ရက်မှာ စတင် ရောင်းချပေးမှာမှန်ပါတယ်။ဒါပေမယ့် ကျပ်နှစ်သောင်းနဲ့ရောင်း မယ်လို့ ကျွန်တော်မပြောခဲ့ပါဘူး။ဘယ်လောက်နဲ့ရောင်းမယ်ဆိုတာ ကျွန်တော်သိပေမယ့် ပြောခွင့်မရှိပါဘူး။သက်ဆိုင်ရာဝန်ကြီးဌာနကသာ တရားဝင်ကြေညာထုတ်ပြန်ပေးမှာဖြစ်ပါတယ်`ဟု ဦးစိုးသိမ်းကပြောသည်။

`တကယ်ရောင်းတဲ့အခါ အခုပြောနေကြတဲ့ ကျပ်နှစ်သောင်းဆိုတာထက် အများကြီးလျော့နည်းတဲ့ဈေးနဲ့ရောင်းမှာပါ။ထောင်ဂဏန်းမျှသာဖြစ်ပါ လိမ့်မယ်။အဲသလောက်ပဲ ကျွန်တော်ပြောပြပါရစေ`ဟု ပြည်ထောင်စု ၀န်ကြီးက ဆက်လက်ပြောဆိုသည်။

Yangon Media Group
တယ်လီဖုန်းဆင်းကတ်များအား ဧပြီ ၁ရက်မှစ၍ ကျပ်ငွေနှစ်သောင်းဖြင့်
ရောင်းချမည်ဟုမိမိပြောကြားခဲ့သည်ဟု သတင်းဂျာနယ် အချို့ တွင် ဖော်ပြနေခြင်း များမှာ မဟုတ် မှန်ကြောင်း ပြည်ထောင်စု ၀န်ကြီး
ဦးစိုးသိမ်းကပြောသည်။

ရန်ကုန်မီဒီယာက ပြည်ထောင်စုဝန်ကြီးနှင့်ဆက်သွယ်မေးမြန်းရာတွင် ဦးစိုးသိမ်းက အထက်ပါအတိုင်းငြင်းဆိုလိုက်ခြင်းဖြစ်သည်။
`ကျွန်တော်အဲသလိုလုံးဝပြောကြားခြင်းမရှိပါဘူး။ဧပြီ ၁ရက်မှာ စတင် ရောင်းချပေးမှာမှန်ပါတယ်။ဒါပေမယ့် ကျပ်နှစ်သောင်းနဲ့ရောင်း မယ်လို့ ကျွန်တော်မပြောခဲ့ပါဘူး။ဘယ်လောက်နဲ့ရောင်းမယ်ဆိုတာ ကျွန်တော် သိပေမယ့် ပြောခွင့်မရှိပါဘူး။သက်ဆိုင်ရာဝန်ကြီးဌာနကသာ တရားဝင်ကြေညာ ထုတ်ပြန်ပေး မှာဖြစ် ပါတယ်`ဟု ဦးစိုးသိမ်းကပြောသည်။

`တကယ်ရောင်းတဲ့အခါ အခုပြောနေကြတဲ့ ကျပ်နှစ်သောင်းဆိုတာထက် အများကြီးလျော့နည်း တဲ့ဈေးနဲ့ရောင်းမှာပါ။ထောင်ဂဏန်းမျှသာဖြစ်ပါ လိမ့်မယ်။အဲသလောက်ပဲ ကျွန်တော်ပြောပြ ပါရစေ`ဟု ပြည်ထောင်စု ၀န်ကြီးက ဆက်လက်ပြောဆိုသည်။

Yangon Media Group

No comments:

Post a Comment