၉-၃-၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန် မကွေးတိုင်းဒေသကြီး ၊ ချောက် မြို့နယ်၊
ပဒေသာအုပ်စု၊ ပဒေသာတောင်ကျေးရွာနေ ဦးအောင်ပိုက် (၅၇)နှစ်သည် ၎င်းင်း၏
သုံးပင်ပတ်လည် နေအိမ် အဖီ အောက်ရှိ တန်းလျား၌ အိပ်ပျော်နေစဉ် စိတ်မနှံ့သည့် သမီးဖြစ်သူ မတင်တင်မိုး(၂၇)နှစ်ရောက်ရှိလာ ပြီး ဓါးဖြင့်ခုတ်သဖြင့် ဦးအောင်ပိုက် ၏ ဦးခေါင်း၊
ဝဲဘက်ပုခုံး၊ ၀ဲနားရွက်၊ ၀ဲလက်မောင်း တို့၌ ပြတ်ရှ ၊
ပေါက်ပြဲ ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာ တွင် သေဆုံး သွားခဲ့ သည်။
ဖြစ်စဉ်အားစိစစ်ခဲ့ရာ မတင်တင်မိုးသည် ၂၀၀၃ ခုနှစ် (၁၀)တန်း စာမေးပွဲဖြေစဉ်ကစ၍ စိတ်ဝေဒနာရောဂါဖြစ်ပေါ်ခဲ့ပြီး ယခုအခါ စိတ်ဖောက်ပြန်ကာ ဖခင်အား ဓါးဖြင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း မတင်တင်မိုး၏မိခင်ဖြစ်သူဒေါ်ပိုက်တင်မှ ပြောပြသိရှိရသဖြင့် မတင်တင်မိုးအား စလေရဲစခန်း (ပ)၁၄/၂၀၁၃ ၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

No comments:
Post a Comment