Wednesday, August 29, 2012

အသစ်ခန့်အပ်မည့် ၀န်ကြီးများတွင် အရပ်သား ကျွမ်းကျင် ပညာရှင်များ ပါဝင်ရန်ရှိဟုဆို



သမ္မတ ဦးသိန်းစိန် စတင်ဆောင်ရွက်နေတဲ့ အစိုးရအဖွဲ့တွင်းပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ (၂)လ လောက် အချိန်ကြာမြင့်ဖို့ရှိပြီး၊ ပြုပြင်ပြောင်းလဲရေး မလုပ်ချင်တဲ့ ၀န်ကြီးတွေကို ဆက်လက် အနားပေးသွားဖို့ ရှိသလို၊ အသစ်ခန့်အပ်မယ့် ၀န်ကြီးတွေထဲမှာလည်း အရပ်သား ကျွမ်းကျင်ပညာရှင်တွေ ပါဝင်လာဖို့ရှိတယ်လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။

သမ္မတဦးသိန်းစိန်အနေနဲ့ အနားပေးခံရလို့ လစ်လပ်သွားတဲ့ ၀န်ကြီးတွေ နေရာ အတွက် အသစ်ခန့်အပ်မှုတွေကို ပြည်ထောင်စုလွှတ်တော်နဲ့ တိုင်ပင်အတည်ပြုချက်ရယူပြီးမှ ဆောင်ရွက်သွားမယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

ဒါ့ပြင် ဖောင်းပွနေတဲ့ ၀န်ကြီးဌာနတွေကိုလည်း ကျစ်ကျစ်လစ်လစ်နဲ့ အသစ်ပြန်လည်ဖွဲ့စည်း သွားမယ်လို့ သိရပါတယ်။

ဒီကနေ့ထုတ် အစိုးရပိုင်သတင်းစာတွေမှာတော့ ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့်၊ အမှတ် (၁) လျှပ်စစ် စွမ်းအား ၀န်ကြီး ဦးဇော်မင်းနဲ့
ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးလွန်မောင်တို့ကို ရာထူးမှ နှုတ်ထွက် ခွင့်ပြု ကြောင်း ဖော်ပြထားပါတယ်။
From: RFA

No comments:

Post a Comment