Wednesday, August 29, 2012

လွှတ်ပြီး တော် နေလို့လား ?



အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော် နှစ်ရပ်ပေါင်းဖြင့် ဖွဲ့စည်းထားသောပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များမှာ ပြည်သူလူ ထုကတိုက်ရိုက် ရွေးချယ် တင်မြှောက် ထားသူများ ဖြစ်ပါသည်။အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်နှင့် ပြည်ထောင်စု လွှတ်တော်
တရားသူကြီးများမှာ နိုင်ငံတော် သမ္မတက အမည်စာရင်း တင်သွင်းပြီး ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ဖြင့် ခန့်အပ်ခံ ထားရသူများ ဖြစ်ပါသည်။၂၀၀၈ အခြေခံ ဥပဒေတွင် ပြည်ထောင်စု လွှတ်တော် အား နိုင်ငံတော် သမ္မတ အပါအ၀င်အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်နှင့် အခြေခံ ဥပဒေခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကိုပါ စွပ်စွဲ ပြစ်တင်ခြင်း ပြုလုပ်နိုင်ရာ တရားလွှတ်တော်အနေဖြင့် အခြေခံ ဥပဒေ ခုံရုံးအား စွပ်စွဲ ပြစ်တင်သည့် ကိစ္စတွင် ၀င်ရောက် ဟန့်တား မိပါက အခြေခံဥပဒေကို ဖောက်ဖျက်ခြင်း၊ ဥပဒေပြုရေးတွင် အမြင့်ဆုံး အဖွဲ့အစည်း ဖြစ်သောပြည်ထောင်စု လွှတ်တော်၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်ခြင်းများကြောင့် ထပ်မံစွပ်စွဲပြစ်တင် မည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များကပြောကြားသည်။

No comments:

Post a Comment