လွှတ်တော်များက ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်းအတွက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပ
ဒေဆိုင်ရာ ခုံရုံးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သိ
ု့ စာချွန်တော် လျှောက်ထား ကြောင်းသိရှိရသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပ
ဒေဆိုင်ရာခုံရုံးက
လွှတ်တော်အသီးသီးမှ ဖွဲ့စည်းထားသော ကော်မတီ၊ ကော်မ ရှင်နှင့် အဖွဲ့တို့အား
ပြည်ထောင်စုအဆင့်အဖြစ် ထည့်သွင်းအဓိပ္ပာယ် ဖွင့်ဆိုခြင်းသည်
ဖွဲ့စည်းပုံအခြေခံဥ ပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း
အနက်အဓိပ္ပာယ်ဖွင့်ဆို ဆုံးဖြတ်ခဲ့သည်။ ယင်းဆုံးဖြတ် ချက်သည်
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ခုံရုံး၏
အဆုံးအဖြတ်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၂၄ နှင့် ခုံရုံးဥပဒေပုဒ်မ ၂၃
တို့အရ အပြီးအပြတ် အတည်ဖြစ်သည်။ ထို့ပြင် ခုံရုံးဥပဒေပုဒ်မ ၂၅ အရ ခုံရုံး၏
ဆုံးဖြတ်ချက်များသည် သက်ဆိုင်ရာအစိုးရဌာန၊ ပုဂ္ဂိုလ်များသို့လည်းကောင်း၊
သက်ဆိုင်ရာနေရာဒေသ အသီးသီးသို့လည်းကောင်း အာဏာသက်ရောက်စေရမည်ဟု
ပြဋ္ဌာန်းထားသည်။
လွှတ်တော်များအနေဖြင့် ယင်းဆုံးဖြတ်ချက်ကို
လိုက်နာခြင်းမရှိသည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက် သည့်
ဆောင်ရွက်ချက်များ ပြုလုပ်ခြင်း၊ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို
စွပ်စွဲပြစ်တင်မှု ပြုလုပ်ခြင်းအဆို တင်သွင်း ဆုံးဖြတ်ခြင်းတို့ကို
ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပ
ဒေဆိုင်ရာခုံရုံး က ပြည်ထောင်စုတရား လွှတ်တော်ချုပ်သိ
ု့ စာချွန်တော်လျှောက်ထားကြောင်း သတင်းရရှိသည်။
From: 7Day
No comments:
Post a Comment