Tuesday, September 4, 2012

လွှတ်တော်နှင့် ခုံရုံး သံသယာ



နေပြည်တော်၊ စက်တင်ဘာ ၎


အခြေခံဥပဒေ ခုံရုံးက ပြည်သူ့လွှတ်တော် စုံစမ်းရေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဆွေနှင့် အဖွဲ့ဝင်များကို ထပ်မံ ကန့်ကွတ်ခဲ့ခြင်းအား လက်ခံစဉ်းစားပေတော့မည် မဟုတ်ကြောင်းနှင့် စုံစမ်း စစ်ဆေးရေး အဖွဲ့အား ပြင်ဆင် ဖွဲ့စည်းတော့မည် မဟုတ်ကြောင်း တရားစီရင်ရေးနှင့် ဥပဒေ ရေးရာ ကော်မတီ ဥက္ကဋ္ဌ တစ်ဦးဖြစ်သူ သူရ ဦးအောင်ကိုက ပြောကြားသည်။



ပြည်သူ့လွှတ်တော်က ပထမအကြိမ် ဖွဲ့စည်းခဲ့သော စုံစမ်းရေး ကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် ဦးနန္ဒကျော်စွာကိုလည်း အခြေခံဥပဒေ ခုံရုံးက ကန့်ကွတ်ခဲ့ခြင်းကြောင့် ဦးသိန်းဆွေအား ပြောင်းလဲတာဝန် ပေးအပ်ခဲ့ကြောင်း၊ ဒုတိယ အကြိမ်မြောက် ကန့်ကွတ်မှုကိုမူ လက်ခံ စဉ်းစားပေးတော့မည် မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

"သုံးကြိမ်ခေါ်လို့ မလာရင်လည်း မျက်ကွယ်မှာပဲ စစ်တော့မှာပါ။ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ စွပ်စွဲ ပြစ်တင်ခြင်း နည်းလမ်းအတိုင်းပဲ ဆောင်ရွက်မှာပါ" ဟု လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်းက ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ရာထူးမှ နှုတ်ထွက်ရန် ( သို့မဟုတ် ) စွပ်စွဲပြစ်တင်ရန်ကိစ္စကို ဆောင်ရွက်ရန် ဒေါ်အောင်ဆန်း စုကြည် အပါအဝင် ရွေးကောက်ခံ ကိုယ်စားလှယ် အားလုံး၏ ကိုယ်စားလှယ် အားလုံး၏ ၉၀ ရာခိုင်နှုန်းကျော် ဖြစ်သော လွှတ်တော် ကိုယ်စားလှယ် ၃၀၀ ကျော်က လက်မှတ်ရေးထိုးထားခဲ့ခြင်း ဖြစ်သည်

No comments:

Post a Comment