Tuesday, September 4, 2012

ကြာဖြတ်သတင်းတို

 

ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာန အရေအတွက် ပြင်ဆင် ဖြည့်စွက်ခြင်းနှင့် ပြည်ထောင်စု ဝန်ကြီးဦးရေကို တိုး/လျော့ခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ် ရယူရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များမှ ဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ်အချို့မှ ကန့်ကွက်ဆွေးနွေးခဲ့သော်လည်း မဲခွဲဆုံးဖြတ်ရာတွင် အနိုင်ရရှိခဲ့သဖြင့် နိုင်ငံတော်သမ္မတ ပေးပို့ခဲ့သော သဝဏ်လွှာမှာ အတည်ဖြစ်ခဲ့သည်။ ဝန်ကြီးဌာန အရေအတွက် ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၅၀၉ မဲ၊ ကန့်ကွက်မဲ ၄၉ မဲ၊ ကြားနေမဲ ၄၀ ဖြင့် အနိုင်ရရှိခဲ့သည်။ ပြည်ထောင်စုဝန်ကြီးဦးရေကို တိုး/လျော့ခြင်းနှင့် စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၅၁၁ မဲ၊ ကန့်ကွက်မဲ ၄၁ မဲ၊ ကြားနေမဲ ၄၅ မဲ ဖြင့် အနိုင်ရရှိခဲ့သည်။

No comments:

Post a Comment