‘မဟာရန်ကုန်မြို့ပြ
ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းအား’ JICA နှင့် ပူးပေါင်း၍ ၂၀၁၃
နှစ်ကုန်တွင် အပြီးရေးဆွဲသွားမည် ၊ ကနဦးတွင် ရန်ကုန်မြို့တော်၏
ရေပေးဝေရေး၊ ရေဆိုးနှင့်
မိလ္လာစနစ်များတွင် ပူးပေါင်းပြုလုပ်ရန် သဘောတူ
လက်မှတ်ရေးထိုးမဟာရန်ကုန်မြို့ပြဖွံ့ဖြိုး ရေး မဟာဗျူဟာစီမံကိန်းအား JICA
(Japan International Cooperation Agency)နှင့် ပူးပေါင်း၍ လာမည့် ၂၀၁၃
ခုနှစ်အကုန်တွင် အပြီးရေးဆွဲသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်း ရေးဆွဲရေး ဌာန၏ ထုတ်ပြန်ချက်အရ
သိရှိရ သည်။

သိရှိရ သည်။ယင်းစီမံကိန်းအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် JICA တို့သည် ပြီးခဲ့သည့် မေလအတွင်း က အစည်းအဝေးမှတ်တမ်း သဘောတူလက် မှတ် ရေးထိုးခဲ့ပြီး စီမံကိန်းအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဦးဆောင်ကာ ပညာရှင်များပါ ပူးပေါင်း ရေးဆွဲသွားမည်ဖြစ်ပြီး စီမံကိန်းအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အဓိက အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရှိ ရသည်။
စီမံကိန်းတွင် လက်ရှိလူဦးရေ နှင့်အတူ တိုးပွားလာမည့်လူဦးရေ အတွက် အဓိကလိုအပ်နေသော လျှပ်စစ်မီး၊ အိမ်ရာလိုအပ်ချက် မိလ္လာ၊ မြို့ပြသယ်ယူ ပို့ဆောင်ရေး၊ အိမ်ရာလိုအပ်ချက်၊ အမှိုက်သိမ်း စနစ်စသည်တို့ကို လည်းကောင်း၊ စီးပွားရေးဇုန်အနေဖြင့် သီလ၀ါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေးကို ထည့်သွင်းရေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment