Tuesday, September 4, 2012

၃၀ ရက်နေ့က မြန်မာပြည် သားနဲ့ ဒီနေ့ဧရာ ၀တီ




၃၀ ရက်နေ့က မြန်မာပြည်သားသတင်း
 http://www.myanmarpyitharblog.blogspot.com/2012/08/nld_30.html

Thursday, August 30, 2012


ပါတီတွင် တရာမျှ တမှုမရှိ၍ တွံတေးမြို့နယ် NLD ပါတီ ၀င်များ(၄.၉.၂၀၁၂)ရက် တွင် ဆန္ဒပြမည်







သြဂုတ်လ ၂၅ ရက် ၁၂၃၀ ချိန်မှ ဇော်မင်းထွန်း (တွံတေး မြို့နယ် NLD တွဲဖက် အတွင်းရေးမှူးဟောင်း)၊ ကိုကိုကြီး (NLD ပါတီဝင်) နှင့်အတူ တွံတေးမြို့နယ် ရဲဘက် အတွင်းရေးမှူး ရုံးသို့ လာရောက်၍ စက် ၄ ရက်နေ့ ၁၃၀၀ မှ ၁၄၀၀ ချိန်ထိ ကျွန်းတော ရပ်ကွက် ကန်သာယာ(၁၀)လမ်း အမှတ် (၅၂၇) ရှိ ဇော်မင်းထွန်း၏ နေအိမ်ရှေ့တွင်
NLD ပါတီဝင် (၁၀)ဦးခန့် နှင့်အတူ ငြိမ်းချမ်းစွာ စုဝေး ဆန္ဒ ဖော်ထုတ်ပွဲ ပြုလုပ်ရန် အတွက် ခွင့်ပြုမိန့် လျှောက် ထားလာခဲ့ပြီး ရည်ရွယ်ချက်မှာ NLD ဗဟို ညီလာခံ ကျင်းပရေး ကော်မရှင်မှ ဖွဲ့စည်းပေးသည့် တွံတေးမြို့နယ် ညီလာခံ ကျင်းပရေး ကော်မရှင်အား တရားမျှတမှု မရှိ၍ NLD ပါတီတွင် တရား မျှတမှု ရှိစေရန်ဖြစ်ကြောင်းနှင့် လျှောက်ထား စာတွင် ပြုလုပ်မည့် နေ့၌ ဆန္ဒဖော်ထုတ်ရာသို့ လာရောက်သည့် ပါတီဝင် ၇ ဦးက အလျား ၃ပေ အနံ ၂ ပေ အရွယ်ရှိ ကတ္ထူ အဖြူရောင် ၇ ချပ်ပေါ်တွင် အောက်ပါ စာသားများ ပါရှိသည့် ပိုစတာများ အား ကိုင်ဆောင်ထားမည် ဖြစ်ကြောင်း သိရှိရပါသည်-
(က)      ဒီချုပ် ဗဟိုဥက္ကဋ္ဌ ဒေါ်အောင် ဆန်းဆုကြည် ၏ဦးဆောင်မှုအား အကြွင်းမဲ့ယုံကြည် ထောက်ခံ ပါသည်။
(ခ)        ဒီချုပ် ဗဟို၏ လုပ်ဆောင် ညွှန်ကြားချက်များ တရား မျှတမှုမရှိ၍ ကန့်ကွက်ခြင်း။
(ဂ)        နီးစပ်ရာ ဦးစားပေးမှု လက်သင့်ရာ ခေါ်ပြီး နေရာပေးမှု ဗဟို ဦးစီးစနစ် ပုံစံဖြင့် လုပ်ဆောင် နေမှုများ ရပ်တန့်ရန်။
(ဃ)      တစ်ဖွဲ့နှင့် တစ်ဖွဲ့ မပြေလည်မှု များကို ညှိနှိုင်း ဆောင်ရွက် ရမည့်အစား တစ်ဘက်သက် ဘက်လိုက် ဆောင်ရွက် နေမှုများ ရပ်တန့်ရန်။
(င)        သမာ သမတ်ကြသော ပုဂ္ဂိုလ်များမှ ဦးစီး ဦးဆောင်၍ စည်းလုံး ညီညွတ်မှုဖြင့် စည်းလုံး ညီညွတ်စွာ ပါတီ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ သမာ သမတ်ကြသော နည်းလမ်းဖြင့် အကောင်းဆုံး ဖြစ်အောင်ဆောင်ရွက်ပေးရန်။
(စ)        ယခင်မှ အခုထိ အနစ်နာခံ ကိုယ်ကျိုးစွန့်၍ ရဲရဲဝံ့ဝံ့ ဆောင်ရွက်ခဲ့သော စည်းဟောင်း များကို ဥပေက္ခာ ပြုပြီး မဆောင်ရွက် သင့်ပါ၊ မြို့နယ်/ ခရိုင်/ တိုင်းများတွင် ပါတီနှင့် ပြည်သူအတွက် အမှန်တကယ် အကျိုးပြု သူများ၊ အရည်အချင်း ရှိသူများ ဖြစ်ပေါ်စေရန်။
(ဆ)      NLD ပါတီဝင် လျှောက်လွှာ တင်ခြင်းကို မြို့နယ် ကော်မရှင်မှ လက်မခံခြင်းနှင့် ပါတီဝင် စာရင်းအား ပျောက်ဆုံးခြင်းကို ဖြေရှင်းရန်။
ဇော်မင်းထွန်း၏ လျှောက်ထားမှု နှင့်ပက်သက်၍ မြို့နယ် ရဲတပ်ဖွဲ့မှူးက မြို့နယ် အထွေထွေ အုပ်ချုပ် ရေးမှူး နှင့်ညှိနှိုင်း၍ စိစစ်လျက် ရှိကြောင်း သိရှိရပါသည်။


 ဒီနေ့ ဧရာဝတီသတင်း

တွံတေး NLD များ ဗဟိုရုံးချုပ်ကို ဆန္ဒပြ



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးသို့ ပေးပို့ထားသည့် ပါတီဝင် လျှောက်လွှာများ ပျောက်ပျက်မှုကို တာဝန်ယူမှု မရှိခြင်း၊ တွံတေးမြို့နယ် ညီလာခံပေါ်ပေါက်ရေး ကော်မရှင်ခန့်အပ်မှုအပေါ် မကျနပ်ခြင်းကြောင့် တွံ့တေးမြို့နယ် NLD အဖွဲ့ဝင်များက ယနေ့ ဆန္ဒပြကြကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့ရှိ NLD ရုံးချုပ်သို့ ပေးပို့ထားသော ပါတီဝင် လျှောက်လွှာ ၆၀၀ ကျော် ပျောက်ပျက်ခဲ့ကြောင်း၊ တွံတေးမြို့နယ် ညီလာခံပေါ်ပေါက်ရေး ကော်မရှင် အဖွဲ့ဝင် ၁၅ ဦး ခန့်အပ်ရာတွင် ဒေသခံပါတီဝင်များ၏ သဘောထားကို တောင်းခံခြင်း မရှိခဲ့ကြောင်း၊ ထို့ကြောင့် ယနေ့ နေ့လည် ၁ နာရီမှ စတင်၍ တွံတေးမြို့ပေါ်၌ NLD အဖွဲ့ဝင်များ ဆန္ဒပြကြကြောင်း သိရသည်။
“ဖောင်တွေသွားပို့ရင် လက်ခံရရှိကြောင်း လက်မှတ်ထိုးပေးပါလို့ ပြောရင် မထိုးပေးနိင်ဘူး၊ တင်ချင်တင် မတင်ချင်နေလို့ ပြောတယ်၊ ဖောင်တွေပျောက်တာကလည်း များပြီ။ ဧရာဝတီတတိုင်းလုံး ပျောက်နေတာပဲ။ ဒါတွေကို သည်းမခံနိုင်တော့လို့ ဆန္ဒပြရတာပါ” ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ တွံတေးမြို့နယ် NLD ပါတီဝင် ဦးဇော်မင်းထွန်းက ပြောသည်။
လူအင်အား ၁၀၀ ဖြင့် ဆန္ဒပြလိုကြောင်းစာအား သြဂုတ်လ ၁၅ ရက်နေ့တွင် အာဏာပိုင်များထံ တင်ခဲ့ကြောင်း၊ တွံတေးမြို့နယ်၌ ကျေးရွာအုပ်စုပေါင်း ၇၃ အုပ်စုအတွင်း ရွာပေါင်း၂၁၉ ရွာတွင် NLD အဖွဲ့ဝင်ပေါင်း ၅၀၀၀ ကျော်ရှိကြောင်း၊ လူအင်အား ၁၀၀ ဖြင့်သာ ပြုလုပ်မည်ဟု စာတင်ထားခြင်းကြောင့် ယင်း ကျေးရွာတခုချင်းစီမှ အဖွဲ့အား ကိုယ်စားပြုပြီး အများဆုံး လူ ၂ ဦးသာ လာရန် ညွှန်ကြားထားကြောင်း သိရသည်။
တွံတေးမြို့နယ် ကျွန်းတောရပ်ကွက် ကန်သာယာ ၁၀ လမ်းတွင် ပြုလုပ်သော ဆန္ဒပြပွဲသို့ ဆန္ဒပြသူ ၁၀၀ နှင့် လိုက်ပါအားပေးသူ ၁၅၀ ခန့် လာရောက်ကြောင်း သိရှိရသည်။
NLD ရုံးချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “ကျနော်ကတော့ ဘာမှမသိဘူး။ ဘာမှလဲ မကြားဘူး” ဟု ဆိုသည်။
တွံတေးမြို့နယ် ညီလာခံ ပေါ်ပေါက်ရေး ကော်မရှင်ကို သြဂုတ်လ ၁၇ ရက်နေ့တွင် NLD ဗဟိုမှ ဖွဲ့ပေးခဲ့ခြင်းဖြစ်ကြောင်း၊ တချို့သော ရပ်ကွက်များတွင် လမ်းတလမ်းထဲ၌ NLD ပါတီရုံး နှစ်ခု ရှိနေကြောင်း သိရသည်။
NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးတင်ဦးကမူ “သူတို့မကြိုက်ရင် ဗြောင်လာပြောပေါ့။ ဟိုတခါကလည်း ပုသိမ်မှာ ဆူခဲ့ပြီးပြီ။ ဒါကို ထပ်လုပ်ကြပြန်ပြီ။ အရင်ကသူတို့ အဲလို မဟုတ်ကြဘူး။ သူတို့အချင်းချင်း ညှိကြပါလား” ဟု ပြောသည်။


No comments:

Post a Comment