Tuesday, September 4, 2012

လာခြင်းကောင်းသော ဗန်ပါစီရဲ့ ဟက်ထရစ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၃)




ယခုတပတ် စနေနဲ့ တနင်္ဂနွေနေ့ များမှာတော့ အသင်းကြီးတွေဖြစ်တဲ့ မန်စီးတီး၊ အာဆင်နယ်နဲ့ မန်ယူအသင်းတို နိုင်ပွဲရှာတွေ့ခဲ့ပြီး လစ်ဗာပူးနဲ့ စပါးအသင်း ကတော့ ပွဲစဉ် (၃) အထိ နိုင်ပွဲရှာဖွေနေဆဲ ဖြစ်ပါတယ်။ ချယ်ဆီးအသင်းကတော့ UEFA စူပါ ဖလား သောကြာနေ့က ကန်ထားတာကြောင့် ဒီတပတ်မှာ အနားရ ထားပါတယ်။


တပတ်အတွင်း စိတ်လှုပ်စရာ အကောင်းဆုံးပွဲ (ဆောက်သမ်ပတမ် ၂-၃ မန်ယူ)

တန်းတက် ဆောက်သမ်ပတမ် အသင်းဟာ ချန်ပီယံမန်စီးတီးအသင်း ကိုယ်တိုင် အကြိတ်အနယ် ကစားပြီးအနိုင်ရခဲ့တဲ့ အသင်းဖြစ်တာကြောင့် ဒီပွဲဟာလည်း မကန်ခင်ကပင် အကြိတ်အနယ် ရှိဦးမယ်ဆိုတာ ပရိသတ်တွေက ခန့်မှန်းခဲ့ကြပါတယ်။

အများခန့်မှန်းတဲ့အတိုင်းပဲ စိတ်ဓာတ်တက်ကြွနေတဲ့ ဆောက်သမ်ပတမ် အသင်းဟာ ဗွေဆော်ဦးဂိုး ရရှိပြီး မန်ယူအသင်းကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ပထမပိုင်း ၁၆ မိနစ်သာသာမှာပဲ လမ်းဘတ်က သွင်းယူခဲ့တာဖြစ်ပြီး မန်ယူတိုက်စစ်မှူး ဗန်ပါစီက ၂၃ မိနစ်မှာပဲ ချေပဂိုး ပြန်လည်သွင်းယူခဲ့ပါတယ်။

ပွဲဟာအကြိတ်အနယ်ရှိခဲ့ပြီးပထမပိုင်းအပြီးမှာ သရေရလဒ် ဖြစ်နေခဲ့ပါတယ်။ ဒုတိယစပြီး ၁၀ မိနစ်အကြာမှာတော့ ရှနိုက်ဒါလင်းက ဆောက်သမ်ပတမ် အသင်းအတွက် ထပ်မံဦးဆောင်ဂိုး သွင်းယူသွားတာကြောင့် မန်ယူအသင်း ကစားကွက်အနည်းငယ် ပျက်သွားခဲ့ပါတယ်။ ဒါပေမယ့် နည်းပြဖာဂူဆန်က ချက်ချင်းဆိုသလို ပေါစခိုးလ်နဲ့ နာနီကို ကလေဗာလီနဲ့ ကာဂါဝါ အစားထည့်သွင်းစေပြီး ပိုမိုတိုက်စစ်ဆင်ခဲ့သလို ၀ယ်ဘက်ကိုပါ ထုတ်ကာ ချီချာရီတိုကို ထည့်ကစားပြီး တိုက်စစ်ဆင်ကစားခဲ့ပါတယ်။ မန်ယူအသင်းရဲ့ ထိုးဖောက်တိုက်စစ်ဆင်မှုကြောင့် ဗန်ပါစီ က ၈၇ မိနစ်မှာ ချေပဂိုးသွင်းယူပေးသွားပြီး မိနစ် ၉၀ မှာ ထပ်မံအနိုင်ဂိုးသွင်းကာ ဟက်ထရစ်ပါ ရယူသွားတာကြောင့် မန်ယူအသင်းဟာ ပွဲအပြီးမှာ အဖိုးတန် ၃ မှတ်ကို ရရှိသွားခဲပါတယ်။ ဖာဂူဆန်ကတော့ ဗန်ပါစီရဲ့ ၃ ပွဲကစား ၄ ဂိုးသွင်းထားမှုကို အားရနေပြီး မန်ယူအသင်းရဲ့ ဂိုးသွင်းစက်အသစ်ကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အသင်းကြီးနှစ်သင်း ထိပ်တိုက်တွေ့ ကြခြင်း (လစ်ဗာပူး ၀ – ၂ အာဆင်နယ်)

နိုင်ပွဲရှာနေတဲ့ အသင်းကြီးနှစ်သင်းမှာ ဧည့်သည် အာဆင်နယ်အသင်းက ပထမဦးဆုံး နိုင်ပွဲရှာပြီး ၃ မှတ် ရယူသွားခဲ့ပါတယ်။ လစ်ဗာပူးအသင်းမှာ ကွင်းလယ်လူသစ် ဆာဟင် ပါလာခဲ့ပြီး အာဆင်နယ်အသင်းမှာတော့ တိုက်စစ်မှုး ဂျီးရော့ဒ် နဲ့  ပိုဒေါစကီးတို့ ပါဝင်ခဲ့သလို အသင်းပြောင်း မယ်လို့ အ သံထွက်နေတဲ့ ၀ယ်ကော့က အရန်မှာသာ ထိုင်နေခဲ့ပါတယ်။ လစ်ဗာပူးအသင်းဟာ ယခုပွဲမှာမန်စီးတီးနဲ့ပွဲက ခြေစွမ်း အတိုင်း မရှိဘဲ ခြေပျက်နေခဲ့ကာ ကွင်းလယ်မှာ အမှားအယွင်းတွေ များနေခဲ့သလို အာဆင်နယ် အသင်းကလည်း ကစား ကွက်ကို မနည်းတည်ခဲ့ရပါတယ်။

ပထမပိုင်း ၃၁ မိနစ်မှာ ကွင်းလယ်မှာ ဘောလုံးပျက်တာကို ဆာဟင်နဲ့ ဂျာရတ်တို့ ပြန်မလိုက်တာကြောင့် ပိုဒေါစကီးက ကာဇိုလာနဲ့ ၀မ်းတူး ရိုက်ကာ အဖွင့်ဂိုးသွင်းယူသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အဖွင့်ဂိုးရတာနဲ့ ပိုမိုတည်ငြိမ်လာပြီး လစ်ဗာပူးအသင်းဘက် ကို ကောင်းကောင်း ဖိအားပေး နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ လစ်ဗာပူးအသင်းက ဘိုရီနီအစား ဒေါင်းနင်းကိုထည့်ကာ ကစားစေခဲ့ပေမယ့် ကွင်းလယ်မှာ အမှားအယွင်း များနေခဲ့တာကို တွေ့ ရပါတယ်။ ပွဲချိန် ၆၇ မိနစ်မှ ရှယ်ဗီက ဆာဟင်အစား ၀င်ရောက်လာပြီး လစ်ဗာပူးအသင်းကစားကွက် ပြန်မိလာခဲ့ပါတယ်။ ရှယ်ဗီ ၀င်ပြီး မကြာခင်မှာတင် ကာဇိုလာက လစ်ဗာပူးနောက်တန်းတွေ လူမကပ်ထားတာကို အခွင့်ကောင်းယူပြီး ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။ လစ်ဗာပူးအသင်း ဟာ ချေပဂိုးရဖို့ ပြန် လည်ကြိုး စားခဲ့ပေမယ့် တိုက်စစ်မှူးတွေ ဂိုးသွင်း မသေသပ်တာကြောင့် အိမ်ကွင်းမှာ အရှုံးပေးလိုက်ရပါတယ်။

ပွဲအပြီးမှာ လစ်ဗာပူးနည်းပြ ရော်ဂျားစ်က တိုက်စစ်မှူး အစားထိုးဖို့ မရှိတာနဲ့ ပတ်သတ်ပြီး ညဉ်းတွား ပြော ဆိုခဲ့သလို ဒမ်ဆေးနဲ့ စတားရစ်တို့ကို မရရှိဘဲ ကာရိုးလ်ကို အငှားထုတ်လိုက်တာနဲ့ ပတ်သတ်ပြီး ရှင်းလင်းပြောဆို သွားခဲ့သလို အာဆင်နယ် နည်းပြ အာဆင်ဝင်းဂါးကလည်း ကစားသမားသစ်တွေ ဂိုးသွင်းယူမှုနဲ့ပတ် သတ်ပြီးဝမ်းသားအားရသလို နောက်တန်းမှာ ပေးဂိုးမရှိသေးတာနဲ့လည်း ပတ်သတ်ပြီး ချီးကျူးပြောဆို သွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် (၃) ရလဒ်များ
ဝက်ဟမ်း ၃-၀ ဖူဟမ်
ဆွမ်ဆီး ၂-၂ ဆန်းဒါးလန်း
တော့တမ်ဟမ် ၁-၁ နော်ဝစ်
ဝက်ဘရွန်း ၂-၀ အဲဗာတွန်
ဝီဂန် ၂-၂ စတုတ်
မန်စီးတီး ၃-၁ ကျူပီအာ
လစ်ဗာပူး ၀-၂ အာဆင်နယ်
နယူးကာဆယ် ၁-၁ အက်စတွန်ဗီလာ
ဆောက်သမ်တမ် ၂-၃ မန်ယူ

No comments:

Post a Comment