ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း တာဝန်
ယူကာစ ၂၀၁၁ ခုနှစ်က အစိုးရအဖွဲ့နဲ့  ပြည်
သူတွေကို တရားဝင်တင်ပြထားတဲ့ ၅ နှစ်
အတွင်း တယ်လီဖုန်း သန်း ၃၀ တပ်ဆင်ရေး စီမံကိန်းကို ပယ်ဖျက် လိုက်ပြီဖြစ်ကြောင်း မြန်မာ့ဆက်
သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာတဦး က ပြောပါတယ်။
လက်ရှိ အြေပာင်းအလဲ စီမံကိန်းသစ်အရ မြန်မာ့ ဆက်သွယ်ရေး ကို ကော်ပိုရေးရှင်းအဖြစ် ဖွဲ့စည်းကာ ဆက်သွယ်ရေးလက်အောက်မှာ ဖက်စပ် ကုမ္ပဏီ ၄ ခု ဖွဲ့စည်းမှာဖြစ်ကြောင်း၊
ဒီ ဖက်စပ် ကုမ္ပဏီတွေအြဖစ် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ရတနာပုံ တယ်လီပို့စ် အပြင်အခြား ပြည်တွင်းပြည်ပ ကုမ္ပဏီ ၂ ခုကိုလည်း ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုမှာဖြစ်ကြောင်း၊ ဒီအတွက် မူလ စီမံကိန်းကို ပယ်ဖျက်လိုက် တာ ဖြစ်ကြောင်း ပြောပါ တယ်။
ဆက်သွယ်ရေးရဲ့ မူလစီမံကိန်းအရ ၂၀၁၁-၁၂ မှာ မိုဘိုင်းဖုန်း ၄ သန်း၊ ၂၀၁၂-၁၃ မှာ ၅ သန်း၊ စသြဖင့် တပ်ဆင်သွားမှာဖြစ်ပြီး ၅ နှစ်အြကာမှာ သန်း ၃၀ တပ်ဆင်ကာ မြန်မာပြည်သူတွေရဲ့ ဖုန်းပိုင်ဆိုင်မှုနှုန်းကို ၅၀ ရာခိုင်နှုန်းအထိ မြှင့်တင်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။
From- DVB

No comments:
Post a Comment