Tuesday, September 18, 2012

အီးယူ က မြန်မာနိုင်ငံ ကို ကုန်သွယ်ရေး ဆိုင်ရာ အထူးအခွင့် အရေးတွေပေးသွား ဖို့ အစီအစဉ် တစ်ရပ်ကို တင်သွင်း


 
Photo: အီးယူ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံ ကို ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေပေးသွားဖို့ အစီအစဉ် တစ်ရပ်ကို တင်သွင်းလိုက်ပြီလို့ သိရပါတယ်။

အဲဒီ အစီအစဉ်မှာ စစ်လက်နှက်ခဲယမ်းတွေကလွဲရင် မြန်မာနိုင်ငံက တင်သွင်းလာတဲ့ ကုန်ပစ္စည်းအားလုံးကို ဥရောပသမဂ္ဂဈေးကွက်ထဲကို အကောက်ခွန်မဲ့ တင်သွင်းခွင့်ပြုမယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံကနိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ  ရှေ့တိုးအောင်မြင်ဖို့ အတွက် ကူညီတဲ့အနေနဲ့ ဒီအစီအစဉ်ကို ရည်ရွယ် လုပ်ဆောင် ကြောင်း ဥရောပသမဂ္ဂ တာဝန်ရှိသူတွေကပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်ကတည်းက၊ ဒီအစီအစဉ်တွေအောင်မြင်ဖို့ အတွက် စီးပွားရေးအရ ကူညီထောက်ပံပေးဖို့ လိုအပ်မယ်ဆိုတာကို သိမြင်ခဲ့ကြောင်း ဥရောပသမဂ္ဂ ကုန်သွယ်ရေးဆိုင်ရာ မဟာမင်းကြီး ကာရဲလ် ဒီဂူချတ် Karel De Guchat ကပြောဆိုခဲ့ပါတယ်။ 

ကူးသန်းရောင်းဝယ်ရေးဟာ နိုင်ငံရေး တည်ငြိမ်မှုအတွက် အခြေခံကျတဲ့ လိုအပ်ချက်ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးတွေ လုပ်တဲ့အတွက် ကမ္ဘာ့အကြီးဆုံးဈေးကွက်ဖြစ်တဲ့ ဥရောပသမဂ္ဂဈေးကွက် နဲ့ ကုန်သွယ်ခွင့်မှာ   မြန်မာနိုင်ငံကို ဦးစားပေးမယ် ဆိုတဲ့ သဘောဖြစ်တယ် လို့လည်း  သူက ရှင်းပြခဲ့ပါတယ်။

 ဒါပေမယ့် ဒီကုန်သွယ်ခွင့်မှာ စစ်လက်နက်တွေတော့ မပါဝင်ကြောင်း
 ပြောဆိုပါတယ်။

အရင်မြန်မာစစ်အစိုးရတုန်းက နိုင်ငံတကာ သဘောတူညီချက်တွေကို မလိုက်နာဘဲ အဓမ္မလုပ်အား ပေးစေခိုင်းမှုတွေ ကျူးလွန်ခဲ့တဲ့ အတွက် ၁၉၉၇ ခုနှစ်မှာ ဒီကုန်သွယ်ခွင့်ကို ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

အီးယူ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံ ကို ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေပေးသွားဖို့ အစီအစဉ် တစ်ရပ်ကို တင်သွင်းလိုက်ပြီလို့ သိရပါတယ်။ အဲဒီ အစီအစဉ်မှာ စစ်လက်နှက်ခဲယမ်းတွေကလွဲရင် မြန်မာနိုင်ငံက တင်သွင်းလာတဲ့ ကုန်ပစ္စည်းအားလုံးကို ဥရောပသမဂ္ဂဈေးကွက်ထဲကို အကောက်ခွန်မဲ့ တင်သွင်းခွင့်ပြုမယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံကနိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ရှေ့တိုးအောင်မြင်ဖို့ အတွက် ကူညီတဲ့အနေနဲ့ ဒီအစီအစဉ်ကို ရည်ရွယ် လုပ်ဆောင် ကြောင်း ဥရောပသမဂ္ဂ တာဝန်ရှိသူတွေကပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်ကတည်းက၊ ဒီအစီအစဉ်တွေအောင်မြင်ဖို့ အတွက် စီးပွားရေးအရ ကူညီထောက်ပံပေးဖို့ လိုအပ်မယ်ဆိုတာကို သိမြင်ခဲ့ကြောင်း ဥရောပသမဂ္ဂ ကုန်သွယ်ရေးဆိုင်ရာ မဟာမင်းကြီး ကာရဲလ် ဒီဂူချတ် Karel De Guchat ကပြောဆိုခဲ့ပါတယ်။

ကူးသန်းရောင်းဝယ်ရေးဟာ နိုင်ငံရေး တည်ငြိမ်မှုအတွက် အခြေခံကျတဲ့ လိုအပ်ချက်ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးတွေ လုပ်တဲ့အတွက် ကမ္ဘာ့အကြီးဆုံးဈေးကွက်ဖြစ်တဲ့ ဥရောပသမဂ္ဂဈေးကွက် နဲ့ ကုန်သွယ်ခွင့်မှာ မြန်မာနိုင်ငံကို ဦးစားပေးမယ် ဆိုတဲ့ သဘောဖြစ်တယ် လို့လည်း သူက ရှင်းပြခဲ့ပါတယ်။

ဒါပေမယ့် ဒီကုန်သွယ်ခွင့်မှာ စစ်လက်နက်တွေတော့ မပါဝင်ကြောင်း ပြောဆိုပါတယ်။

အရင်မြန်မာစစ်အစိုးရတုန်းက နိုင်ငံတကာ သဘောတူညီချက်တွေကို မလိုက်နာဘဲ အဓမ္မလုပ်အား ပေးစေခိုင်းမှုတွေ ကျူးလွန်ခဲ့တဲ့ အတွက် ၁၉၉၇ ခုနှစ်မှာ ဒီကုန်သွယ်ခွင့်ကို ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။
From -RFA

No comments:

Post a Comment