Tuesday, September 18, 2012

ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် ရွှေဝါရောင်တော်လှန်ရေး ၅ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှ ၂၀၀၇- ၂၀၁၂ သဘောထားကြေညာချက်တစ်စောင်ကို ထုတ်ပြန်လိုက်ကြောင်းသိရသည်။

အဆိုပါ သဘောထားကြေညာချက်တွင် အချက် ၁၀ ချက်ပါဝင်ပြီးယနေ့ မျက်မှောက်ကာလ နိုင်ငံရေးအခြေအနေ အရပ်ရပ်ကို ရဟန်းသံဃာတော်များအနေဖြင့် မျက်ခြေမပြတ်လေ့လာသုံးသပ်လျှက်ရှိကြောင်း၊အပြု သဘောဆောင်သည့် အနေအထားများရှိနေသည်ကို အသိအမှတ်ပြုကြောင်း၊ ယခုထက်ပိုမိုပွင့်လင်းမြင်သာရှိရန် နိုင်ငံရေး အင်အားစု အားလုံးနှင့်လက်တွဲဆောင်ရွက်ရန်တိုက်တွန်းကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများ အမြန်ဆုံးရပ်စဲပြီး နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာကြရန်နှင့် တိုင်းရင်းသားတန်းတူညီမျှရေးကို မမေ့မလျော့ကြရန် အလေးအနက်ထား ဆန္ဒပြုကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် နိုင်ငံတော်အစိုးရ၊
ကျောင်းသားပြည်သူအပေါင်းတို့နှင့် တတ်အားသမျှ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည့် အချက်များ ပါဝင်ကြောင်းသိရသည်။ 

NLA
  
From- Popular Myanmar News Nournal 

No comments:

Post a Comment