Tuesday, September 18, 2012

အမေရိကရောက် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ယနေ့တွင် တွေ့ဆုံဆွေးနွေးမည်

အမေရိကန်ပြည်ထောင်စုသို့လက်ရှိတွင်  ရောက်ရှိနေသည့် မြန်မာ့ဒီမိုကရေ
စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်နှင့် ၀ါရှင်တန်ဒီစီတွင် စက်တင်ဘာလ ၁၈ ရက်နေ့ (ယနေ့)တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းဖော်ပြချက် များအရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စုသို့ စက်တင်ဘာလ ၁၇ ရက်နေ့ တွင် ရောက်ရှိလာခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှ င့် တွေ့ဆုံဆွေးနွေးခြင်းဖြစ် သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန် တို့သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ် တွင် တွေ့ဆုံေ ဆွးနွေးခဲ့ကြသေးသည်။

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီဒီသို့ မရောက်ရှိမီ နာရီပိုင်းအလိုတွင် မြန်မာသမ္မတ ဦးသိန်းစိန်သည် အကျဉ်းသား ၅၁၄ ဦးအားစက်တင်ဘာလ ၁၇ ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်။ ထိုအထဲတွင် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားအချို့လည်း ပါဝင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် တတိယမြောက်ပြည်ပခရီးစဉ်အဖြစ် အမေရိ ကန်ပြည်ထောင်စုသို့ သွားရောက်ရန် စက်တင်ဘာလ ၁၆ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာမည့် TG ၃၀၆ လေယာဉ်ဖြင့် စတင်ထွက်ခွာသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ခရီးစဉ်အတွင်း စက်တင်ဘာလ ၁၈ ရက်နေ့တွင် Asia Society Global Vision Award ဆုကို လက်ခံရယူ မည်ဖြစ်သည်။

စက်တင်ဘာလ ၁၉ ရက်နေ့တွင် အမေရိကန် ကွန်ဂရက်လွှတ်တော် ရွှေတံဆိပ်ဆုပေးပွဲသို့ တက်ရောက်မည်ဖြစ် သည်။ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဦးမင်းကိုနိုင် (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)၊ ဦးခွန်ထွန်းဦး (ဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးကျော်သူ (ဥက္ကဋ္ဌ၊ နာရေးကူညီမှုအသင်း-ရန်ကုန်)၊ ဒေါက်တာ စင်သီယာမောင် (မယ်တော်ဆေးခန်း)၊ ဦးအောင်ဒင် (ညွှန်ကြားရေးမှူး၊ U.S. Campaign  for Burma) တို့အား National Endowment for Democracy (NED) မှ ချီးမြင့်မည့် ဆုပေးပွဲ သို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ စက်တင်ဘာလ ၂၁ ရက်နေ့တွင်  နယူးယောက်မြို့တွင် ကျင်းပမည့် Atlantic Council Global Citizen Award ဆုပေးပွဲသို့ တက်ရောက်မည်ဖြစ်သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် University of Louisville ၊ ယေးနှင့် ဟားဗတ် တက္ကသိုလ်များသို့လည်း သွားရောက်မည်ဖြစ်ပြီး ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပမည့်  Freedom Forum သို့ တက်ရောက်မည်ဖြစ်သည်။

 ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ရောက် မြန်မာမိသားစုများနှင့်လည်း  တွေ့ဆုံသွားရန် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စုမှ အောက်တို ဘာလ ၃ ရက်နေ့တွင် ပြန်လည်ထွက်ခွာ လာမည်ဖြစ်သည်။

From- Eleven Media Group

No comments:

Post a Comment