ရွှေဝါရောင်တော်လှန်ရေး (၅)နှစ်ပြည့်ခဲ့
ပြီဖြစ်သော်လည်း ယနေ့ အချိန်ထိ မြန်
မာနိုင်ငံတွင် အခြေခံလူတန်းစားများ၏
လူမှုဘ၀ဖူလုံမှုနှင့် ငြိမ်းချမ်း သာယာမှု
မရှိသေးကြောင်း ရခိုင်သင်္ဃာ့သမဂ္ဂ (RSU)မှ သဘောထား
ကြေငြာချက်ထုတ်ပြန်လိုက်သည်။ဗြိတိသျှလက်ထက်ကတည်းကပင် ဆရာတော်ဦးဥတ္တမမှအစ ယနေ့အချိန် အထိ
မြန်မာနိုင်ငံရေးတွင် သင်္ဃာတော်များသည် ဒါယကာ၊ ဒါယကာမများ ကြုံတွေ့ခံ
စားနေကြရသော ဆင်းရဲဒုက္ခများမှ လွတ်မြောက်စေရန် အကြမ်းမဖက် အနုနည်း
များဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး၊ ဓမ္မဘက်မှ အမြဲတမ်းမားမားမတ်မတ်
ရပ်တည်လှုပ်ရှားသွားမည်ဖြစ်ကြောင်း ကြေငြာချက်တွင်ဖော်ပြထားသည်။
"ရွှေဝါရောင်တော်လှန်းဆိုတာကို မမေ့ဖို့အတွက် မြန်မာ ပြည်သူ၊ ပြည်သားတိုင်းမှာ တာဝန်ရှိတယ်လို့ ဦးဇင်းတို့မြင်ပါတယ်။ဘာလို့လည်းဆိုတော့ လွတ်လပ်ရေးကြိုးပမ်းခေတ် ဗြိတိသျှတို့လက်အောက်မှာ မြန်မာနို င်ငံသားတွေ ကို ဆရာတော်ဦးဥတ္တမက စလို့ နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့တာ။
အဲဒီတော့ လွတ်လပ်ရေးသန္တေအမြူဟာ ဘုန်းကြီးတွေရဲ့ အခန်းကဏ္ဍကနေစလာတယ်လို့ ဦးဇင်းတို့ကပြောချင်ပါတယ်။ ဆရာတော်ဦးဥတ္တမစခဲ့လို့ သင်္ဃာ့သမဂ္ဂီတွေ မြောက်မြားစွာပေါ်ပေါက် လာခဲ့တာဖြစ်တယ်။
အဲဒီလို သမဂ္ဂီတွေပေါ်ပေါက်လာခဲ့တဲ့နောက်ပိုင်းမှာ ဒီနေ့အချိန်ထိ မြန်မာနိုင်ငံမှာ နှစ်ပေါင်း၉၀ကျော်တိုင်အောင် သင်္ဃာ့လှုပ်ရှားမှုတွေဟာ ရှိနေသေးပါတယ်။
ဘာလို့လည်းဆိုတော့ မြန်မာနိုင်ငံမှာ မည့်သည့်အုပ်ချူပ်သူမဆို ပြည်သူတွေအတွက် တရားမျှတမှုမရှိသမျှ ကာလပတ်လုံး သင်္ဃာတွေဟာ ဓမ္မဘက်ကနေ မားမား မတ်မတ်ရပ်တည်လာပြီးတော့ အုပ်ချူပ်သူလူတန်းစားတွေကို တွန်း လှန်ပေးရမှာဖြစ်ပါတယ်။
ဒါယကာ၊ ဒါယကာမ ညိုးနွမ်းရင် သာသနာလည်း ညိုးနွမ်းတယ်ဆိုတဲ့စကားလိုပေါ့..။ အဲဒါကြောင့် မြန်မာနိုင်ငံမှာ အဓမ္မအုပ်ချူပ်သူတွေ ရှိနေသမျှကာလပတ်လုံး သင်္ဃာ့အခန်းကဏ္ဍဆိုတာ ဘယ်လောက်အရေးကြီးတယ် ဆိုတာကို အမှတ်ရစေဖို့ အတွက် ဒီထုတ်ပြန်ကြေငြာချက်ကိုထုတ်ပြန်ရခြင်းဖြစ်တယ်။"ဟု ရခိုင်သင်္ဃာ့သမဂ္ဂ
(RSU)ဥက္ကဌ ဆရာတော် ဦးသီဟမှ မိန့်ကြားသည်။
ဗုဒ္ဓသာသနာသည် လွတ်လပ်ခွင့်မရှိဘဲ အစိုးရအလိုကျဖွဲ့စည်းထားသော သင်္ဃာ့မဟာနာယကအဖွဲ့ကိုဖျက်သိမ်းေ ပးဖို့ကိုလည်း ကြေငြာချက်တွင် တောင်းဆိုထားသည်။
"မြန်မာနိုင်ငံမှာရှိတဲ့ သင်္ဃာ့မဟာနာယကနဲ့ ဒါယကာ၊ ဒါယကာမတွေရဲ့ ဒုက္ခတွေကို တွန်းလှန်ပေးနေကြတဲ့ သင်္ဃာ့ထုတွေကြားမှာ အစိုးရက သွေးထိုးလှုံ့ဆော်မှုတွေ ပေးနေတာတွေရှိတယ်။
ရှင်းရှင်းပြောမယ်ဆိုရင် သင်္ဃာ့မဟာနာယကဆိုတာ အစိုးရရဲ့လက်ကိုင်ဒုတ်ဘဲဖြစ်တယ် လို့ ဦးဇင်းတို့ကမြင်တယ်။ ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာဘဲကြည့်လေ ပက္ခူမှာ သင်္ဃာတွေကို ဓါတ်တိုင်မှာ ကြိုးချည်ပြီးရိုက်တာကို သင်္ဃာ့မဟာနာယက သင်္ဃာတွေက ထောက်ခံခဲ့တယ်။
ဒါကြောင့် သင်္ဃာ့မဟာနာယကမှာရှိတဲ့ သင်္ဃာတော်တွေအနေနဲ့ နိုင်ငံတော်အစိုးရ လက်အောက်က အသုံးချခံဘ၀မျိုးနဲ့မဟုတ်ဘဲ ဒါယကာ၊ ဒါယကာမတွေဘက်က၊ ဓမ္မဘက်ကရပ်တည်ပြီးတော့ ဗုဒ္ဓသာသနာကို လွတ်လပ်တဲ့သာသနာတော်ဖြစ်အောင် ကြိုးပမ်းဖို့လိုအပ်ပါတယ်။
သာသနာ့အဖွဲ့အစည်းဆိုတာ မည့်သည့်အုပ်ချူပ်မှုအောက်မှာမှ မရှိဘဲ လွတ်လပ်တဲ့ သာသနာဖြစ်ဖို့လို အပ်ပါတယ်။ အဲဒါကြောင့် ဦးသိန်းစိန် အစိုးရအနေနဲ့ ဒီသဃာ့မဟာနာယကကို ဖျက်သိမ်းပေးဖို့ ဦးဇင်းတို့က
တောင်းဆိုရတာပါ။"ဟု ဆရာတော် ဦးသီဟမှ ဆက်မိန့်သည်။
၂၀၀၇ခုနှစ် စတင်ဘာလတွင် စက်သုံးဆီဆေးနှုန်းများ မြင့်တက်ခဲ့၍ လမ်းလျှောက် ဆန္ဒပြရာမှ စတင်ခဲ့သော ရွှေဝါတော်လှန်ရေး(၅)နှစ်ပြည့်သွားပြီ ဖြစ်သော်လည်း အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ခြင်းများ နည်းပါးလျက်ရှိကြောင်း သိရှိရသည်။
ရွှေဝါရောင် တော်လှန်ရေး (၅) နှစ်ပြည့်မြောက် သဘောထား ထုတ်ပြန်ကြေငြာချက်
ထုတ်ပြန်- ၅ /၂၀၁၂
နေ့စွဲ-၂၀၁၂ ခုနှစ်၊ စက်တင်ဘာ (၁၈) ရက်။
"အိမ်ရှေ့ပူ အိမ်နောက် မချမ်းသာဆိုသည့်" စကားအရ စားဝတ်နေရေး အတိဒုက္ခရောက်ေ နကြသော မြန်မာ ပြည်သူ ပြည်သားများ သက်သာရာသက်သာကြောင်းအလို့ငှာ သံဃာတော်များသ ည် မေတ္တာ၊ ကရုဏာထား၍ ငြိမ်းချမ်း စွာ စီတန်းလမ်းလျှောက် လှုပ်ရှားခဲ့ရာမှ ဖြစ်ပေါ်လာသော (၂၀၀၇) ခုနှစ် ရွှေဝါရောင်တော်လှန်ရေးသည် ယခုဆိုလျှင် (၅) နှစ်မြောက်သို့ ရောက် ရှိလာပြီးဖြစ်သည်။
သို့သော်လည်း လက်ရှိအခြေအနေတွင် အစိုးရ၏ ပြုပြင်ပြောင်းလဲမှုသည် မြန်မာ ပြည်သူပြည်သား အခြေခံလူတန်းစားများ၏ ဘ၀ဖူလုံမှုနှင့် ငြိမ်းချမ်းသာယာမှု တို့ကို ပေးစွမ်းနိုင်ခြင်း မရှိသေးပေ။
မြန်မာနိုင်ငံသူ နိုင်ငံသား ဒါယကာ/ဒါယိကာမများ ကြုံတွေ့နေကြရသော အထွေထွေဆင်းရဲဒုက္ခတို့မှ လွတ်မြောက်စေရန် မေတ္တာပွါးကာ စီတန်းလှည့်လည်ကြွချီကြသော သံဃာတော် များကို ရက်စက်စွာ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် မြန်မာ နိုင်ငံ၌ သံဃာ့လှုပ်ရှားမှု သမိုင်း မှတ်တိုင်ကြီးတစ်ခု တိုးလာခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ အဓမ္မ၀ါဒီ အုပ်ချုပ်သူ လူတန်းစား ရှိနေသေးသမျှ ကာလပတ်လုံး ဓမ္မဘက်မှ ရပ်တည်နေကြသော သံဃာတော်များ၏ လှုပ်ရှားမှု အခန်းကဏ္ဍ သည်လည်း အမြဲတမ်းရှိနေဦးမည်သာ ဖြစ်ပေသည်။
ကျွန်သဘောက်ဘ၀သို့ ကျရောက်ခဲ့ကြသော မြန်မာပြည်သူများ အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်လာစေရန် အတွက် မြန်မာနိုင်ငံ လွတ်လပ်ရေး လှုပ်ရှားမှုကို အစဦးကပင် ဦးစီးဦးဆောင် အကြီးမှုးပြုခဲ့သော ဆရာတော် ဦးဥတ္တမ သည် မြန်မာပြည်သူများကို နိုင်ငံရေးအသိ၊ တိုက်ရည်ခိုက်ရည် သွင်းပေခဲ့သည်။
ယင်းကြောင့် ဆရာတော် ဦးဥတ္တမခေတ် သံဃာ့လှုပ်ရှားမှုမှသည် ယနေ့ခေတ် သံဃာ့လှုပ်ရှားမှု အခန်းကဏ္ဍကြီးကို သတိရသူတိုင်း၊ တွေးတောမိသူတိုင်း၊ အမှတ် ရသူတိုင်းအားလုံး အသိအမှတ်ပြု ၀န်ခံကြရမည်ဖြစ်သည်။
မြန်မာပြည်၌ အစဉ်အလာကြီးမားသော သံဃာ့လှုပ်ရှားမှု သမိုင်းကြောင်းအရလည်းကောင်း၊ အမျိုးဘာသာ သာသနာ အကျိုးကို ရှေ့ရှု၍လည်းကောင်း၊ မြန်မာပြည်သူ ပြည်သားများ၏ ကျရောက်ဆဲ ကျရောက်လတ္တံ့ဖြစ်သော ဘေးဥပါဒ် အန္တရာယ်မှ ကာကွယ်တားဆီးရန် အတွက်လည်းကောင်း၊ သံဃာတော်များ၏ လှုပ်ရှားမှုအခန်းကဏ္ဍသည် ဓမ္မဘက်မှ ခိုင်ခိုင်မာမာ မားမားမတ်မတ် အမြဲတမ်း ရပ်တည်သွားမည်ဖြစ်ကြောင်း ရခိုင်သံဃာ့ သမဂ္ဂ၏ သဘောထား ထုတ်ပြန် ကြေငြာချက်နှင့် အတူ အောက်ပါအချက်များကို တောင်းဆိုလိုက်သည်။
(၁) လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် ပြုရန်။
(၂) လွတ်လပ်စွာ ဟောပြောရေးသားပိုင်ခွင့် စည်းရုံးပိုင်ခွင့် ပြုရန်။
(၃) အစိုးရအလိုကျ ဖွဲ့စည်းထားသော သံဃာ့မဟာနာယကအဖွဲ့ကို ဖျက်သိမ်းပေးရန်။
(၄) လွတ်လပ်သော သံဃာ့အဖွဲ့အစည်းများ ဖွဲ့စည်းထူထောင်ခွင့်ပြုရန်။
စည်းရုံးရေးနှင့်ပြန်ကြားရေး
ရခိုင်သံဃာ့သမဂ္ဂ
From- Arakan Times သတင်းဌာန

No comments:
Post a Comment