စစ်ကိုင်းဒေသကြီး ကလေးမြို့သို့ယနေ့နံနက်၁၀နာရီခန့်တွင် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ရောက်ရှိလာကြောင်းသိရသည်။ နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး ချင်းရေးရာ ၀န်ကြီး ဦးနိုထန်ကပ် လည်းလိုက်ပါခဲ့ကြောင်း သိရ သည်။ နိုင်ငံတော်သမ္မတဦးဆောင်သော အဖွဲ့ဝင်များသည် ကလေး တက္ကသိုလ် ၉ မိုင်နှင့် ကလေးခရိုင်ပြည်သူဆေးရုံကြီးသို့ သွားရောက် မည်ဖြစ်ပြီး ကလေးခရိုင် ဒကစ၀န်းအတွင်းရှိအောင်ဇေယျခန်းမတွင် ဌာနဆိုင်ရာ ၀န်ကြီး များနှင့်တွေ့ဆုံ မည် ဖြစ်ကြောင်း သိရသည်။
ဝင်းသူစိုး(ကလေး)
Yangon Media Group
No comments:
Post a Comment