မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုအား တုံ့ပြန် သည့်အနေဖြင့် တောင်ကိုရီးယားနိုင်ငံသည် ကြီးမားသော စစ်ရေး လေ့ ကျင့် မှု တစ်ခု အား ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြုလုပ် ခဲ့ပါသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မြောက်ကိုရီးယား၏ အဏုမြူ စမ်း သပ် ဖောက်ခွဲမှု ပြုလုပ်ပြီး နောက်ပိုင်း တောင်ကိုရီးယားနှင့် အမေရိကန်
တပ်ဖွဲ့ဝင်များသည် စောင့်ကြည့် လေ့လာမှုများ တိုးမြှင့်လုပ်ဆောင်ခြင်းနှင့် စမ်းသပ် ဖောက်ခွဲမှုမှ လေနမူနာ များကို စုဆောင်းရန် ပစ္စည်း ကိရိယာများ ကြိုတင် ပြင်ဆင်ခြင်းများ ဆောင်ရွက် ခဲ့ပါသည်။
တောင်ကိုရီးယားနိုင်ငံ၏ စစ်ရေးပြင်ဆင်နေသည့် သတင်းများရရှိပြီးနောက်ပိုင်း မြောက်ကိုရီးယားနိုင်ငံ အနေဖြင့် နောက်ထပ်စမ်းသပ် ဖောက်ခွဲမှုတစ်ခုအား ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် လုပ်ဆောင် သွား မည် ဖြစ်ကြောင်း သိရှိရပါသည်။
ရေတပ် အနေဖြင့် ဖျက်သင်္ဘောများ၊ ရေငုပ် သင်္ဘောများ၊ ကင်းလှည့် သင်္ဘောများ၊ မြန်နှုန်းမြင့် လှေများ အစရှိသည့် စစ်သင်္ဘော ၁ဝ စီးခန့် ပါဝင်သည့် ရေတပ် သင်္ဘောစု ၂ စု ကိုလည်း ကိုရီးယား ကျွန်းဆွယ်၏ အရှေ့နှင့် အနောက်ဘက် နေရာများတွင် တပ်ဖြန့် ထားလျက် ရှိပါသည်။
http://bit.ly/15hdzxy
From : မြ၀တီ

No comments:
Post a Comment